• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
ထုတ်ဝေသည့်ရက်စွဲ ၀၃ နို ၂၀၂၅

ဒီတန်ဖိုးကြီးလက်ဆောင်ကို လက်လွတ်မသွားစေနဲ့နော်

ထုတ်ဝေသည့်ရက်စွဲ ၀၃ နို ၂၀၂၅

သင့်အတိတ်ကဒဏ်ရာတွေကြောင့် ပစ္စုပ္ပန်မှာ မျှော်လင့်ချက်မမြင်နိုင်လောက်အောင် ဖြစ်ခဲ့ဖူးလား။ ဒါမှမဟုတ် အနာဂတ်ကိုပဲ အာရုံစိုက်လိုက်လွန်းလို့ ဒီနေ့ရဲ့ ရိုးရှင်းတဲ့ ပျော်ရွှင်မှုလေးတွေ သင့်လက်ကြားကနေ လျှောထွက်သွားတာမျိုးရော ရှိခဲ့ဖူးလား။

ကျွန်တော်တို့ရဲ့ ကောင်းကင်ဖခင်ဟာ ကျွန်တော်တို့အတွက် အရေးကြီးတဲ့ အရာတစ်ခုကို သတိပေးနေပါတယ်... အဲ့ဒါကတော့ တစ်ကြိမ်တည်းသာ နေထိုင်ခွင့်ရတဲ့ လက်ဆောင်... "ပစ္စုပ္ပန်" ဖြစ်ပါတယ်။

ဣသရေလလူတွေဟာ တောထဲမှာ လှည့်လည်သွားလာနေတုန်းက ဘုရားသခင်က သူတို့ကို နေ့တိုင်း မန္နမုန့် အားဖြင့် ထောက်ပံ့ကျွေးမွေးခဲ့ပါတယ်။ နှုတ်ကပတ်တော်ထဲမှာ ဒီလိုဆိုထားပါတယ်...

'ဩ​မဲ​တောင်း​နှင့်​ခြင်​ကြ​သော​အ​ခါ၊ များ​များ​ရ​သော​သူ​မ​ပို၊ နည်း​နည်း​ရ​သော​သူ မ​လို၊ အ​သီး​အ​သီး​တို့​သည် စား​လောက်​အောင်​သိမ်း​ယူ​ကြ၏။' ထွက်မြောက်ရာ 16:18 

လောကကြီးက မနက်ဖြန်မှာ မလို၊ မငတ်ရအောင် ဒီနေ့မှာ တတ်နိုင်သမျှ များများစုဖို့ သင်ပေးတယ်။ ဒါပေမဲ့ ဘုရားသခင်က ပိုပြီးနက်ရှိုင်းတဲ့အရာကို သင်ပေးပါတယ်... အဲ့ဒါကတော့ ဒီနေ့အတွက် လုံလောက်ပြီလို့ ယုံကြည်ကိုးစားဖို့ပါပဲ။

ယုံကြည်ခြင်းဆိုတာ အနာဂတ်အတွက် ဘုရားသခင်ကို ယုံကြည်တာတစ်ခုတည်း မဟုတ်ပါဘူး။ ပစ္စုပ္ပန်မှာလည်း ဘုရားသခင်ကို ကိုးစားခြင်းဖြစ်ပါတယ်။ မနက်ခင်းနိုးထလာတိုင်း ဒီနေ့ သင့်ကို ကိုယ်တော်ပေးတဲ့ ခွန်အား၊ ကျေးဇူးတော်၊ ငြိမ်သက်ခြင်း၊ နောက်ပြီး သေးငယ်တဲ့ ပျော်ရွှင်မှုလေးတွေ စသဖြင့် အရာအားလုံးဟာ ဒီအချိန်လေးအတွက် သင်အတိအကျလိုအပ်တဲ့အရာတွေ ဖြစ်လို့ ဘုရားသခင်ပေးတယ်ဆိုတာကို ယုံကြည်တဲ့ ယုံကြည်ခြင်းမျိုးပေါ့။

ထိုအရာတွေဟာ သင့်ချစ်ရတဲ့သူ တစုံတယောက်ရဲ့ ရယ်သံလေး ဖြစ်နိုင်တယ်။ ဒါမှမဟုတ် အရာအားလုံး မသေမချာဖြစ်နေချိန်မှာတောင် သင်တစ်ယောက်တည်း မဟုတ်ဘူးဆိုတဲ့ တိတ်ဆိတ်တဲ့ စိတ်ချမှုလေး တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် သင့်အဆုတ်ထဲက ရှူရှိုက်လိုက်တဲ့ လေပြင်းလေးပဲ ဖြစ်မလား... ဒါတွေအားလုံးဟာ ဘုရားသခင်ရဲ့ ကရုဏာတော်အားဖြင့် အသစ်ဖြစ်တယ်ဆိုတာကို သတိပေးနေတဲ့အရာတွေဖြစ်ပါတယ်။

ဒီတော့ မိတ်ဆွေ ရေ၊ နောက်တစ်ခုကို အလျင်စလိုမလုပ်ခင် ခဏလေးရပ်နားလိုက်ပါ။ "အခု၊ ပစ္စုပ္ပန်" ဆိုတဲ့ လက်ဆောင်အတွက် ဘုရားသခင်ကို ကျေးဇူးတင်လိုက်ပါ။

ဒီနေ့အတွက် ဒီလိုဆုတောင်းကြည့်ရအောင်။

“ဘုရားသခင်၊ ဒီနေ့အတွက် လုံလောက်အောင် ပေးသနားလို့ ကျေးဇူးတင်ပါတယ်။ မနေ့က နာကျင်မှုတွေက ဒီမနက်မှာ အသစ်ဖြစ်တဲ့ ကိုယ်တော့်ကရုဏာကို မတားဆီးနိုင်ပါဘူး။ မနက်ဖြန်အတွက်လည်း ကိုယ်တော် ပြင်ဆင်ပေးမယ်ဆိုတာ ယုံကြည်တယ်။ ကိုယ်တော်ပေးထားတဲ့ 'ဒီနေ့' ဆိုတဲ့ အချိန်လေးမှာ အပြည့်အဝ အသက်ရှင်နိုင်ဖို့ ကူညီပေးပါ။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။”

Htun Naung Sin
ရေးသားသူ

သင့်ဘဝမှာ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေကိုပဲ ဖြတ်သန်းနေရပါစေ၊ မျှော်လင့်ခြင်းဆိုတာ အမြဲတမ်း တည်ရှိနေပါတယ်လို့ သင့်ကို အားပေးတိုက်တွန်းလိုက်ပါတယ်။