• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
ထုတ်ဝေသည့်ရက်စွဲ ၀၂ နို ၂၀၂၅

အရာရာတိုင်းဟာ သူ့အချိန်နဲ့သူ ရှိပါတယ်

ထုတ်ဝေသည့်ရက်စွဲ ၀၂ နို ၂၀၂၅

“ခပ်​သိမ်း​သော​အ​မှု​အ​ရာ​တို့​သည် မိ​မိ​တို့​အ​ချိန်​ရှိ၏။ မိုး​ကောင်း​ကင်​အောက်၌ ကြံ​စည်​သ​မျှ အ​သီး​အ​သီး​တို့​ကို ပြု​ရ​သော​အ​ချိန်​ရှိ၏။”  ‭‭ဒေသနာ‬ ‭၃:၁

မနေ့ကကျွန်မတို့ဆင်ခြင်ခဲ့သလိုပဲ အချိန်ယူပြီး ဘုရားစကားကို နားထောင်တတ်မှ ဥာဏ်ပညာနဲ့ ပေါ့ပါးခြင်းကို ရတယ်ဆိုတာ သိရသလို ဒီနေ့မှာလည်း အချိန်ကို ဘယ်လိုအကျိုးရှိအောင် စီမံခွန်ခွဲနိုင်မလဲဆိုတာ လေ့လာကြရအောင် !

ကျွန်မတို့အသီးသီးမှာ လုပ်ရတဲ့ အလုပ်ကိစ္စတွေ ၊ မိသားစုကိစ္စတွေ နဲ့ တစ်ယောက်တည်းအချိန်ယူပြီး အနားယူရတဲ့အချိန်တွေကိုကောင်းစွာ စီမံခန့်ခွဲနိုင်ဖို့ လိုအပ်ပါတယ် ။ ကျွန်မတို့အနေနဲ့ အချိန်ကိုကောင်းမွန်စွာ မစီမံနိုင်တဲ့အခါ ဘုရားသခင်နဲ့ အချိန်ယူခြင်း ကိုကောင်းမွန်စွာ မလုပ်ဆောင်နိုင်သလို မိသားစု နဲ့ အခြားအလုပ်ကိစ္စများမှာလည်း လစ်ဟင်းသွားနိုင်ပါတယ် ။

အချိန်ကိုလုပြီး လုပ်ဆောင်နေရတာက ကျွန်မတို့အတွက်ရော ၊ ဘေးက အခြားလူတွေအတွက်ရော စိတ်သက်တောင့်သက်သာမဖြစ်စေသလို စိတ်ပင်ပန်းမှုတွေပါ ဖြစ်စေပါတယ် ။

ကျွန်မတို့ရဲ့ အချိန် နဲ့ ဦးစားပေးမှုတွေကို ကောင်းစွာ စီမံနိုင်ပြီဆိုရင်တော့ ကျွန်မတို့ဘေးက ချစ်ရသူတွေရဲ့ နှလုံးသားကို ရရှိနိုင်ပါတယ် ။ ဘုရားသခင်က ကျွန်မတို့ကို “ အချိန် စီမံခန့်ခွဲခြင်း”  မှာ အောင်မြင်စေချင်ပါတယ် မိတ်ဆွေ ! 

သင့်ရဲ့နေ့ရက်တွေကို စီမံခန့်ခွဲပြီး နေ့စဉ် လုပ်ဆောင်လေရာရာမှာ ဘုရားသခင်ဟာ အတူတူ ရှိနေပါတယ် ။

သင့်အနေနဲ့ မိသားစု နဲ့ ကလေးတွေကို အချိန်မပေးနိုင်ပဲ အလုပ်များနေတဲ့အခါမှာ ဘုရားသခင်ဆီက ဥာဏ်ပညာတောင်းခံဖူးပါသလား ? 

သင့်သူငယ်ချင်းနဲ့ ဆက်ဆံရေးပြန်လည်ပြေလည်ဖို့ အချိန်ခဏလောက်ယူပြီး ဖုန်းပြောဖို့အတွက် ဘုရားကို ဆုတောင်းပြီး အချိန်ယူခဲ့ပါသလား ? 

သင့်ရဲ့ ဆုတောင်းသံတွေကို အမြဲ နားထောင်ပေးနေတဲ့ ဘုရားသခင်က သင့်အချိန်တွေကိုလည်း အကောင်းဆုံး စီမံခန့်ခွဲနိုင်ဖို့ ဥာဏ်ပညာပေးနိုင်တယ်ဆိုတာ သင်ယုံကြည်ပါသလား ?

အမှန်တကယ်တော့ ကျွန်မတို့ရဲ့ ဘဝမှာ စည်းမျဉ်းစည်းကမ်းတွေထက် အချိန်ကိုကောင်းစွာ စီမံခန့်ခွဲနိုင်ခြင်းက ဆက်ဆံရေးတွေမှာ ပိုပြီး အရေးကြီးနေတာပါ …

ဦးစားပေးမှုတွေကို ကောင်းစွာ စီမံခန့်ခွဲနိုင်ပြီဆိုရင်တော့ ကျွန်မတို့ရဲ့ ဘေးမှာရှိတဲ့ လူတွေနဲ့ ဆက်ဆံရေးဟာ ပိုပြီး ကောင်းမွန်လာမှာပါ ..

ဒါကြောင့် မိတ်ဆွေ ရေ ..

သင့်အချိန်တွေကို စီမံခန့်ခွဲနေတဲ့အရာမှာ လိုအပ်တာတွေရှိနေရင် ဒီနေ့ပဲ ပြန်ပြီး ပြင်ဆင်ကြရအောင် ! သင့်ရဲ့ ဦးစားပေးမှုတွေကို ပြန်ပြီး ပြင်ဆင်ကြရအောင် …

အကျိုးရလာဒ်တွေက သင်ထင်ထားတာထက်ပိုပီး ကောင်းမွန်လာတာ တွေ့ရမှာပါ …

သင်ဟာ ဘုရားရဲ့ ဥာဏ်ပညာနဲ့အချိန်ကိုကောင်းစွာ စီမံခန့်ခွဲနိုင်သောသူ ဖြစ်တယ် 🤍

Nant Chit
ရေးသားသူ

ဘုရားသခင်ရဲ့ မေတ္တာတော်ကို သင့်ကိုယ်တိုင် တိုက်ရိုက် စစ်မှန်စွာ ခံစားသိရှိနိုင်စေဖို့၊ ဤသတင်းစကားကိုဖော်ပြပေးလိုက်ပါတယ်။