• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
ထုတ်ဝေသည့်ရက်စွဲ ၀၁ နို ၂၀၂၅

အချိန်ယူလိုက်ပါ!

ထုတ်ဝေသည့်ရက်စွဲ ၀၁ နို ၂၀၂၅

တခုလောက်မေးချင်ပါတယ် .. သင့်ရဲ့ အချိန်တော်တော်များများကို ဘယ်နေရာမှာ အသုံးပြုမိနေပါသလဲ ?

ကျွန်မတို့ရဲ့ တနေ့တာ ဟာ တခါတလေ မိသားစုအတွက် ၊ အလုပ်အတွက် ၊ ဘေးမှာရှိတဲ့ သူတွေအတွက် အသက်ရှင်မိတဲ့အခါ ကိုယ့်ကိုယ်ကို အချိန်ပြန်ပေးဖို့တောင် မရှိပဲ ဖြစ်သွားတတ်ပါတယ် ။ ကျွန်မတို့ဟာ အလုပ်လုပ်ဖို့လိုအပ်သလို အနားယူဖို့လည်း လိုအပ်နေပြန်ပါတယ် ။ အနားယူခြင်း ထဲမှာပဲ ဘုရားသခင်ရဲ့ အလိုတော်ကို ရှာဖွေပြီး ကိုယ့်ကိုယ်ကို ပြန်လည် တွေ့ရှိနိုင်ပါတယ် ။ 

အချိန်ယူပြီး ကျမ်းစာဖတ်တယ် ၊ အချိန်ယူပြီး ဆုတောင်းတယ် ၊ အချိန်ယူပြီး ဘုရားသခင်နဲ့ အတူ ဘာမှ မတွေးပဲနဲ့ အနားယူတတ်ခြင်းဟာ ကျွန်မတို့ကို အသစ်သော ခွန်အားပြန်လည်ရရှိစေပြီး ၊ လန်းဆန်းစေပါတယ် ။ 

တနေ့တာ မစတင်ခင်မှာ ဘုရားသခင်ရဲ့ နှုတ်ကပါတ်တော် ကို ဖတ်ပြီး ဆင်ခြင်ခြင်းဟာလည်း အတွေးအမြင်တွေကို ဘုရားအလိုတော်အတိုင်းဖြစ်စေပြီး ၊ ဘုရားရဲ့ ထူးခြားတဲ့ ဥာဏ်ပညာကို ရရှိနိုင်ပါတယ် ။ 

“ထို​ပ​ည​တ္တိ​ကျမ်း​စာ၌ ရေး​ထား​သ​မျှ​အ​တိုင်း​ကျင့်​မည်​ဟု စောင့်​ရှောက်​ခြင်း​အ​လို​ငှာ ကျမ်း​စာ​ကို မ​ဖတ်​မ​ရွတ်​ဘဲ​မ​နေ၊ နေ့​ည​မ​ပြတ် ကြည့်​ရှု​ဖတ်​ရွတ်​ရ​မည်။ သို့​ပြု​လျှင် သင်​သည်​အ​ကြံ​ထ​မြောက်၍ အောင်​မြင်​လိမ့်​မည်။” ယောရှု‬ ‭၁:‭၈

ဒါကြောင့် မိတ်ဆွေ ရေ ..

အရာခပ်သိမ်းက ဘုရားသခင်နဲ့ အချိန်ယူခြင်းကပဲ စတင်တယ်လို့ ပြောချင်ပါတယ် …

ဒီနေ့ကစပြီး တစ်ရက်ကို ၁၀ မိနစ် - ၁၅ မိနစ်လောက် ဘာမှမပြောပဲနဲ့ ဘုရားရဲ့ စကားကို တိတ်ဆိတ်စွာ နားထောင်ကြည့်ရအောင် ! 

စိတ်ဖိစီးမှု ၊ ပင်ပန်းမှုတွေကို မစဉ်းစားပဲ ခဏလောက် အချိန်ယူလိုက်ပါဦး …

လမ်းလျှောက်နေရင်း ဖြစ်ဖြစ် ၊ အိပ်ယာပေါ်မှာ ဖြစ်ဖြစ် ၊ အိမ်မှုကိစ္စလုပ်နေရင်းပဲ ဖြစ်ဖြစ် ဘယ်နေရာမှာ ရှိနေပါစေ သင့်နှလုံးသားက ဘုရားရဲ့ အသံကို ခဏလောက်နားစွင့်ကြည့်လိုက်ပါ …

ဘုရားသခင်ဟာ သင့်ကို အခြေအနေတိုင်းမှာ စကားပြောဖို့ အသင့်ရှိနေပါတယ် ။ 

ဘုရားစကားနားထောင်ဖို့ အခုအချိန်က သင့်အတွက် အကောင်းဆုံးပဲ  မိတ်ဆွေ ! 

သင့်ရဲ့ အချိန်တွေ ဘုရားကိုပေးလိုက်ခြင်းက အချည်းနှီး မဖြစ်ပါဘူး 🤍

Nant Chit
ရေးသားသူ

ဘုရားသခင်ရဲ့ မေတ္တာတော်ကို သင့်ကိုယ်တိုင် တိုက်ရိုက် စစ်မှန်စွာ ခံစားသိရှိနိုင်စေဖို့၊ ဤသတင်းစကားကိုဖော်ပြပေးလိုက်ပါတယ်။