သင့်ကို အခုထိ ချစ်နေဆဲပါ ! 🤍
တစ်ခါတစ်လေ အခြေအနေတချို့က ဘုရားရဲ့ချစ်ခြင်းမေတ္တာကို သံသယ ဝင်အောင် ဖန်တီးပေးတတ်တယ် …
-
ရုတ်တရတ် အလုပ်ပြုတ်သွားတဲ့အခါ
-
လူတွေရဲ့ ဝေဖန်မှုကို ကြုံရတဲ့အခါ
-
ထပ်တလဲလဲ အပြစ်ထဲမှာ မလွတ်မြောက်နိုင်တဲ့အခါ
-
စိတ်ပျက်စရာကောင်းတဲ့ အခြေအနေတွေကိုကြုံရတဲ့အခါ
-
ရောဂါ တစုံတရာ ခံစားရတဲ့အခါ
-
မတော်တဆမှု တခုခုကိုကြုံရတဲ့အခါ စသဖြင့်ပေါ့ ။
အဲ့ဒီလိုအခြေအနေမျိုးတွေ ရင်ဆိုင်ရတဲ့အခါ -
ကျွန်မတို့ ထိုက်တန်လို့နေမှာပါ !
ကျွန်မတို့ ကို ဘုရားသခင်က မချစ်တော့လို့ ကြုံရတာ နေမှာပါ ! ဆိုပြီး ထင်ကောင်းထင်တတ်ကြပါတယ် ။
ကျွန်မပြောပါရစေ သမ္မာတရား တစ်ခုက ရှိနေပါတယ် မိတ်ဆွေ !
အဲ့ဒီ သမ္မာတရားတခုကတော့ “ဘုရားသခင် သင့်ကို ချစ်တယ်” ဆိုတဲ့ အရာပါပဲ …
ခုနကလို အတွေးတွေ ဝင်လာပြီဆို ချက်ချင်း ငြင်းဆိုလိုက်ဖို့ လိုပါတယ် ။
ဘယ်လိုအခြေအနေမျိုးကမှ ထိုသမ္မာတရားကို မဖျောက်ဖျက်နိုင်ပါဘူး ။
ဘာကို ဆိုလိုတာလဲ ? ဘုရားရဲ့ ချစ်ခြင်းက သင့်ဆီကနေ ဘယ်တော့မှ ရွေ့လျား ပျောက်ကွယ်သွားမှာ မဟုတ်ဘူးလို့ ဆိုလိုတာပါ မိတ်ဆွေ ရေ ..
“အကြောင်းမူကား၊ သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွတ်အမြတ်ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတ္တံ့သောအရာဖြစ်စေ၊- အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍ အဘယ်နိမ္မိတအရာမျှသည်၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် ခံရသောဘုရားသခင်၏ မေတ္တာတော်နှင့် ငါတို့ကို မကွာစေနိုင်ဟု ငါသည်သဘောကျလျက်ရှိ၏။” ရောမ 8:38-39
ယုံကြည်လိုက်ပါ ! သင်ဘာတွေပဲ လုပ်မိနေပါစေ ၊ တွေးမိနေပါစေ ၊ သင့်အခြေအနေက ဘယ်လောက်အထိ ဆိုးဝါးတဲ့ အခြေအနေ ဖြစ်နေပါစေ … သင့်ကို ဘုရားသခင်ရဲ့ အချစ်နဲ့ ဘယ်လို အရာမှ မခွဲခွါစေနိုင်ပါဘူး ။
-
သင့်ရဲ့ ကြောက်ရွံခြင်းတွေ
-
သံသယတွေ
-
နာမကျန်းဖြစ်ခြင်းတွေ
-
ပေါင်းသင်းဆက်ဆံရေး လွဲမှားမိခြင်းတွေ
-
ငွေကြေးပြသနာ စတဲ့အရာတွေဟာ သင့်ကို ဘုရားရဲ့ အချစ်နဲ့ မခြားနားစေပါဘူး
တော်တော်လေးကို ထူးခြား ဆန်းကြယ်တဲ့ အချစ်ပါပဲ မိတ်ဆွေ ရေ …
ဘုရားက သင့်ကို အဆုံးအစ မရှိတဲ့ မေတ္တာနဲ့ ချစ်နေတာပါ …
အနှိုင်းအဆမရှိ ကြီးမြတ်တဲ့ ဘုရားသခင်က သင့်ကို အနှိုင်းအဆ မရှိချစ်နေတယ် … တကယ့်ကို တန်ဖိုးရှိလွန်းတဲ့အချစ်ပါပဲ …
ဒါကြောင့် အခုပဲ ဘုရားသခင်ကို ကျွန်မနဲ့အတူ ဆုတောင်းကြရအောင် !
“ယေရှုဘုရား ကိုယ်တော်ရဲ့ ကြီးမားတဲ့ ၊ အဆုံးအစ မဲ့တဲ့ ၊ ကြင်နာလွန်းတဲ့ မေတ္တာတော်ကို ကျေးဇူးတင်ဖို့ မေ့လျော့ခဲ့ခြင်းအတွက် တောင်းပန်ပါတယ် ။ ဒီနေ့ ကိုယ်တော်ရဲ့ အချစ်ဟာ ကျွန်ုပ်ဘေးကနေ ဘယ်လို အကြောင်းကြောင်းနဲ့မှ မပျောက်ပျက်သွားဘူးဆိုတဲ့ အရာကို သိရှိခဲ့ရပါပြီ ။ ကိုယ်တော့်ရဲ့ နှလုံးသား အတွင်းဆုံးထဲအထိ ခိုလှုံပြီး နွေးထွေးတဲ့ မေတ္တာကို ခံယူနိုင်ဖို့ မစတော်မူပါ ။ ကိုယ်တော့်စကားသံကို နေ့တိုင်းကြားနိုင်ဖို့ ကျွန်ုပ်၏ ခြေလှမ်းတစ်ခုချင်းစီတိုင်းကို လမ်းပြတော်မူပါ ။ ကိုယ်တော့်ကို ကျွန်ုပ်ချစ်ပါတယ် ။ ယေရှုနာမတော်၌ ဆုတောင်းပါ၏ ။ အာမင် ! “
ဘုရားသခင်က သင့်ကို ဘယ်တော့မှ မပြောင်းလဲတဲ့ မေတ္တာနဲ့ ချစ်နေပါတယ် 🤍