• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
ထုတ်ဝေသည့်ရက်စွဲ ၂၉ အောက် ၂၀၂၅

အစဉ်မပြတ် ဝမ်းမြောက်လော့…! 🎉

ထုတ်ဝေသည့်ရက်စွဲ ၂၉ အောက် ၂၀၂၅

ဒီနေ့ဟာ ကျွန်ုပ်တို့ရဲ့ နေ့စဉ်ကျမ်းချက်ဖြစ်တဲ့ ဆာလံ ၉၄:၁၈-၁၉  ကို လေ့လာခြင်းရဲ့ နောက်ဆုံးနေ့ဖြစ်ပါတယ်။ ဒီနေ့မှာ သခင်ဘုရားရဲ့ဝမ်းမြောက်ခြင်းက သင့်အသက်တာကို လွှမ်းခြုံစေဖို့ အတူတကွလေ့လာကြရအောင်။

'ငါ့​ခြေ​ချော်​လျက်​ရှိ​သည်​ဟု အ​ကျွန်ုပ်​ဆို​သော​အ​ခါ၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​က​ရု​ဏာ​သည် အ​ကျွန်ုပ်​ကို ထောက်​မ​ပါ၏။ အ​ကျွန်ုပ်၏​နှ​လုံး​ထဲ​မှာ စိတ်​များ​ပြား​သော​အ​ခါ၊ ကိုယ်​တော်​သည် သက်​သာ​စေ​တော်​မူ​သ​ဖြင့်၊ အ​ကျွန်ုပ်၏ ဝိ​ညာဉ်​သည် ရွှင်​လန်း​ပါ၏။ ' (ဆာလံ ၉၄:၁၈-၁၉)

“ရွှင်​လန်း​ပါ၏”... သမ္မာကျမ်းစာက 'အ​စဉ်​မ​ပြတ် ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​လော့။-' (၁ သက်သာလောနိတ် ၅:၁၆) လို့ပြောထားတယ်ဆိုရင်၊ အဲ့ဒါဟာ ဖြစ်နိုင်လို့ပါပဲ…!

ဘုရားသခင်ဟာ သူ့ရဲ့ဝမ်းမြောက်ခြင်းအားဖြင့် သင့်ကို ခွန်အားပေးဖို့ အလိုရှိတယ်။ ကိုယ်တော်ဟာ သူ့ရဲ့စုံလင်တဲ့ဝမ်းမြောက်ခြင်းကို သင့်နှလုံးသားထဲမှာ ထည့်ပေးပြီး၊ သူ့ရဲ့အပြုံးကို သင့်နှုတ်ခမ်းပေါ်မှာ တင်ပေးပါတယ်။

ဘုရားသခင်ကို ချီးမွမ်းပြီး ကိုယ်တော့်ရဲ့ဝမ်းမြောက်ခြင်းနဲ့ သင့်ကိုဖြည့်စေပါ…! ဝမ်းမြောက်ခြင်းဟာ တန်ခိုးကြီးတဲ့လက်နက်တစ်ခုဖြစ်ပါတယ်။

သင့်အတွက် ကျွန်တော့်ရဲ့ဆုတောင်းချက်ကို ကျမ်းချက်အားဖြင့် ကောက်နုတ်ဖော်ပြလိုက်ပါတယ်-

'သင်​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၏ တန်​ခိုး​အား​ဖြင့် မျှော်​လင့်​ခြင်း​ပါ​ရ​မီ​နှင့် ကြွယ်​ဝ​စေ​ခြင်း​ငှာ၊ ယုံ​ကြည်​သော​စိတ်​ရှိ၍ ဝမ်း​မြောက်​သက်​သာ​ခြင်း​အ​မျိုး​မျိုး​တို့​နှင့် ပြည့်​စုံ​မည်​အ​ကြောင်း၊ မျှော်​လ​င့်​ခြင်း၏​အ​ရှင်၊ ဘု​ရား​သ​ခင်​သည် ကယ်​မ​သ​နား​တော်​မူ​ပါ​စေ​သော။' (ရောမ ၁၅:၁၃)

ကျွန်တော်တစ်ခုအသိပေးပါရစေ- ဝမ်းမြောက်ခြင်းဆိုတာ အမြဲတမ်း အလိုအလျောက်ဖြစ်လာတာမျိုးမဟုတ်ပါဘူး၊ ပြောစရာမလိုဘဲ ရလာတာမျိုးလည်းမဟုတ်ပါဘူး... ဒါဟာ ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါတယ်။ အခုချက်ချင်းပဲ အဲ့ဆုံးဖြတ်ချမှတ်ဖို့အတွက် သင့်ကို ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်။ 

ဒီနေ့မှာတော့၊ မိတ်ဆွေ၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့တန်ခိုးအားဖြင့် ဝမ်းမြောက်ရွှင်လန်းပါစေ။

သင်ဟာ ကောင်းကြီးမင်္ဂလာတစ်ခုဖြစ်ပါတယ်။

Htun Naung Sin
ရေးသားသူ

သင့်ဘဝမှာ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေကိုပဲ ဖြတ်သန်းနေရပါစေ၊ မျှော်လင့်ခြင်းဆိုတာ အမြဲတမ်း တည်ရှိနေပါတယ်လို့ သင့်ကို အားပေးတိုက်တွန်းလိုက်ပါတယ်။