• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
ထုတ်ဝေသည့်ရက်စွဲ ၂၈ အောက် ၂၀၂၅

သင်စိတ်ဓာတ်ကျနေပြီလား?

ထုတ်ဝေသည့်ရက်စွဲ ၂၈ အောက် ၂၀၂၅

'ငါ့​ခြေ​ချော်​လျက်​ရှိ​သည်​ဟု အ​ကျွန်ုပ်​ဆို​သော​အ​ခါ၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​က​ရု​ဏာ​သည် အ​ကျွန်ုပ်​ကို ထောက်​မ​ပါ၏။ အ​ကျွန်ုပ်၏​နှ​လုံး​ထဲ​မှာ စိတ်​များ​ပြား​သော​အ​ခါ၊ ကိုယ်​တော်​သည် သက်​သာ​စေ​တော်​မူ​သ​ဖြင့်၊ အ​ကျွန်ုပ်၏ ဝိ​ညာဉ်​သည် ရွှင်​လန်း​ပါ၏။ ' (ဆာလံ ၉၄:၁၈-၁၉)

“ကိုယ်​တော်​သည် သက်​သာ​စေ​တော်​မူ​သ​ဖြင့်”... ဆိုတဲ့ စကားလုံးက တခြားဘာသာပြန်ကျမ်းတွေမှာတော့ “ကိုယ်တော်၏နှစ်သိမ့်ခြင်းများ”၊ “ကိုယ်တော်၏ ခွန်အားပေးတိုက်တွန်းမှုများ” လို့ ဆိုထားပါတယ်။

ကျွန်တော်မှတ်မိသေးတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်က ကျွန်တော့်ဘဝရဲ့ ပထမဦးဆုံးအကြိမ် ကိုယ်ကျွမ်းကျင်တဲ့ ဘာသာစကားမဟုတ်တဲ့ အင်္ဂလိပ်ဘာသာစကားနဲ့ နှုတ်ကပတ်တော် ဝေငှခြင်းကို စင်္ကာပူလူငယ်Campတစ်ခုမှာ ဝေငှဖို့ဖြစ်လာခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ မြန်မာဘာသာနဲ့ ဝေငှတာက ပြဿနာမရှိပေမယ့် အင်္ဂလိပ်ဘာသာစကားနဲ့ ဝေငှဖို့အတွက်က အတော်လေးကို ဝန်လေးမိပါတယ်။ အဲ့တာနဲ့ ကျွန်တော့်ဇနီးသည်ကို ပြောပြတော့ ကျွန်တော့်ဇနီးသည်က ဘာပြောခဲ့သလဲဆိုရင် "ယောက်ျားက ဒီလောက်တော့ အေးဆေးလုပ်နိုင်တယ်” လို့ပြောလာခဲ့ပါတယ်။ ဒီစကားလုံးအနည်းငယ်က ကျွန်တော့်အတွက် အကူအညီဖြစ်ခဲ့တယ်၊ ခွန်အားဖြစ်စေခဲ့တယ်၊ ရှေ့ဆက်လျှောက်လှမ်းဖို့အတွက် သတ္တိနဲ့ တွန်းအားတွေကို ပေးခဲ့ပါတယ်။

ကျွန်ုပ်တို့အားလုံးဟာ ခွန်အားပေးတိုက်တွန်းမှုကို လိုအပ်ကြပါတယ်... မျက်မမြင်သူတောင်းစားဖြစ်တဲ့  ဗာတိမဲကို တခြားလူတွေက တိတ်တိတ်နေဖို့ သတိပေးနေချိန်မှာ၊ သခင်ယေရှုက သူ့ကိုအားပေးဖို့အတွက် ခြေလှမ်းတွေကို ရပ်တန့်ခဲ့သလိုပါပဲ။ (ဒီကျမ်းပိုဒ်ကို မာကု ၁၀:၄၆-၅၂  မှာ ဖတ်ရှုနိုင်ပါတယ်)။ သင့်ကို တိတ်ဆိတ်သွားစေဖို့ ကြိုးစားနေတဲ့အရာတွေရှိနေပေမဲ့၊ ဘုရားသခင်ဟာ သူ့ရဲ့မေတ္တာအပြည့်နဲ့ သင့်ကို ခေါ်နေပါတယ်။

ဒါကြောင့် စိတ်ဓာတ်မကျပါနဲ့ အားတင်းထားပါ... မကြာခင်မှာ သင့်ရဲ့အခြေအနေဟာ ပြောင်းလဲတော့မှာဖြစ်ပါတယ်။ မတ်တတ်ရပ်ပါ၊ သင့်ရဲ့ဝမ်းနည်းခြင်းနဲ့ စိုးရိမ်ကြောက်ရွံ့ခြင်းတွေကို ခါထုတ်လိုက်ပါ၊ အဲ့ဒါတွေကို လွှတ်ချလိုက်ပြီး သခင်ဘုရားရဲ့ဝမ်းမြောက်ခြင်းကို ဆုပ်ကိုင်လိုက်ပါ။ ဘာကြောင့်လဲဆိုရင်၊ သခင်ဘုရားရဲ့ဝမ်းမြောက်ခြင်းကသာ သင်ရဲ့ခွန်အားဖြစ်ပါတယ်။

သင်ဟာ ကောင်းကြီးမင်္ဂလာတစ်ခုဖြစ်ပါတယ်။

Htun Naung Sin
ရေးသားသူ

သင့်ဘဝမှာ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေကိုပဲ ဖြတ်သန်းနေရပါစေ၊ မျှော်လင့်ခြင်းဆိုတာ အမြဲတမ်း တည်ရှိနေပါတယ်လို့ သင့်ကို အားပေးတိုက်တွန်းလိုက်ပါတယ်။