• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
ထုတ်ဝေသည့်ရက်စွဲ ၂၇ အောက် ၂၀၂၅

သင့်အထဲမှာ စိုးရိမ်ပူပန်မှုတွေ ကြီးမားနေပါသလား

ထုတ်ဝေသည့်ရက်စွဲ ၂၇ အောက် ၂၀၂၅

ဒီနေ့မှာလည်း ဆာလံ ၉၄:၁၈-၁၉ ကို အခြေခံတဲ့ ကျွန်ုပ်တို့ရဲ့အထူးလေ့လာမှုကို ဆက်လက်လုပ်ဆောင်ကြပါစို့။

'ငါ့​ခြေ​ချော်​လျက်​ရှိ​သည်​ဟု အ​ကျွန်ုပ်​ဆို​သော​အ​ခါ၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​က​ရု​ဏာ​သည် အ​ကျွန်ုပ်​ကို ထောက်​မ​ပါ၏။ အ​ကျွန်ုပ်၏​နှ​လုံး​ထဲ​မှာ စိတ်​များ​ပြား​သော​အ​ခါ၊ ကိုယ်​တော်​သည် သက်​သာ​စေ​တော်​မူ​သ​ဖြင့်၊ အ​ကျွန်ုပ်၏ ဝိ​ညာဉ်​သည် ရွှင်​လန်း​ပါ၏။ ' (ဆာလံ ၉၄:၁၈-၁၉)

“အ​ကျွန်ုပ်၏​နှ​လုံး​ထဲ​မှာ စိတ်​များ​ပြား​သော​အ​ခါ”... သင့်စိတ်ထဲမှာ အပျက်သဘောဆောင်တဲ့အတွေးတွေ တစ်ခါတစ်ရံ တိုးဝင်လာတတ်ပါသလား။ သင်ဟာ ပြဿနာကို နည်းလမ်းပေါင်းစုံနဲ့ ဆန်းစစ်ကြည့်ပေမဲ့ အဖြေတစ်ခုကို ရှာမတွေ့နိုင်ဘဲ ဖြစ်နေပါသလား။

ဒီမှာ ဘုရားသခင်က သူ့ရဲ့သားသမီးတွေကို ပေးထားတဲ့ မယုံနိုင်လောက်စရာ ကတိတော်တစ်ခုရှိပါတယ်- 'သင်​တို့​ကို​သ​တိ​နှင့် ကြည့်​ရှု​တော်​မူ​သော​ကြောင့်၊ သင်​တို့၌ စိုး​ရိမ်​ခြင်း​အ​မှု​ရှိ​သ​မျှ​တို့​ကို ကိုယ်​တော်၌ အပ်​နှံ​ကြ​လော့။' (၁ ပေတရု ၅:၇)

ဂရိဘာသာစကားမှာ “အပ်နှံကြလော့” ဆိုတဲ့စကားလုံးက “ပစ်တင်လိုက်ခြင်း” လို့ အဓိပ္ပာယ်ရပါတယ်။ မိတ်ဆွေ၊ သင်ဘယ်လိုအခြေအနေမျိုးမှာပဲရှိနေပါစေ၊ သင်ဟာ ဘုရားသခင်ထံတော်ပါးကို ချဉ်းကပ်နိုင်ပါတယ်... သင်ဟာ သင့်ရဲ့စိုးရိမ်ပူပန်မှုတွေကို ဘုရားသခင်ရဲ့ ခြေတော်ရင်းမှာ နာကျင်စွာ ပစ်ချသည်ဖြစ်စေ၊ လက်တကမ်းအကွာကနေ ဘုရားသခင်ဆီကို ယူဆောင်လာပေးသည်ဖြစ်စေ၊ ဒါမှမဟုတ် ဘုရားသခင်အပေါ်ကို ပစ်တင်လိုက်သည်ဖြစ်စေ၊ ဒါကိုသတိရပါ- ဘုရားသခင်က အဲ့ဒါတွေအားလုံးကို လက်ခံတယ်။ ဘုရားသခင်က သင့်ကို ဂရုစိုက်တဲ့အတွက် သင့်ရဲ့စိုးရိမ်ပူပန်မှုတွေနဲ့အတူ ဘုရားသခင်ထံကို လာပါ။ ဘုရားသခင်ဟာ သင့်ပြဿနာတွေအားလုံးရဲ့ အဖြေကို ပိုင်ဆိုင်ထားပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဘုရားသခင်ကိုယ်တိုင်က အရာအားလုံးရဲ့ အဖြေဖြစ်နေလို့ပါပဲ။

စိုးရိမ်ပူပန်မှုတွေနဲ့ပြည့်နေတဲ့နှလုံးသားအစား ဝမ်းမြောက်ခြင်းနဲ့ပြည့်နေတဲ့ ပျော်ရွှင်တဲ့နှလုံးသားတစ်ခုကို ဒီနေ့မှာပဲ ဘုရားသခင် သင့်ကိုပေးချင်ပါတယ်။ 

မိတ်ဆွေ၊ ဒီနေ့မှာ သင်ဟာ ဘုရားသခင်ထံတော်ပါးကို ချဉ်းကပ်ပြီး၊ သင့်ရဲ့စိုးရိမ်ပူပန်မှုတွေအားလုံးကို နှလုံးသားအပြည့်နဲ့ ဘုရားသခင်ထံမှာ အပ်နှံကာ၊ အဲ့ဒီအစား ဘုရားသခင်ရဲ့ဝမ်းမြောက်ခြင်းနဲ့ ဉာဏ်ပညာကို တောင်းခံဖို့ သင့်ကိုဖိတ်ခေါ်ချင်ပါတယ်။

အတူတကွ ဆုတောင်းကြပါစို့… “သခင်ဘုရား၊ ကျွန်ုပ်စိတ်နှလုံးထဲမှာ စိုးရိမ်ပူပန်မှုတွေ များပြားနေတာကို မလိုချင်တော့ပါဘူး။ အရာအားလုံးကို ကိုယ်တော့်အပေါ်မှာ ပစ်တင်လိုက်ပါတယ်။ အရာအားလုံးကို ကိုယ်တော့်ခြေတော်ရင်းမှာ ချထားလိုက်ပါတယ်။ အရာအားလုံးကို ကိုယ်တော့်လက်တော်ထဲကို လွှတ်ချအပ်နှံပါတယ်။ အခုချိန်မှာ ကိုယ်တော့်ဆီကနေ ကျွန်ုပ်လက်ခံရရှိနေတဲ့ ငြိမ်သက်ခြင်းနဲ့ ဝမ်းမြောက်ခြင်းအတွက် ကျေးဇူးတင်ပါတယ်။ ကိုယ်တော့်ရဲ့ကြင်နာစွာနဲ့ ကျွန်ုပ်ကို ထောက်ပံ့မစပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။”

Htun Naung Sin
ရေးသားသူ

သင့်ဘဝမှာ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေကိုပဲ ဖြတ်သန်းနေရပါစေ၊ မျှော်လင့်ခြင်းဆိုတာ အမြဲတမ်း တည်ရှိနေပါတယ်လို့ သင့်ကို အားပေးတိုက်တွန်းလိုက်ပါတယ်။