• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
ထုတ်ဝေသည့်ရက်စွဲ ၂၆ အောက် ၂၀၂၅

အထောက်အပံ့ လိုအပ်နေပါသလား

ထုတ်ဝေသည့်ရက်စွဲ ၂၆ အောက် ၂၀၂၅

'ငါ့​ခြေ​ချော်​လျက်​ရှိ​သည်​ဟု အ​ကျွန်ုပ်​ဆို​သော​အ​ခါ၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​က​ရု​ဏာ​သည် အ​ကျွန်ုပ်​ကို ထောက်​မ​ပါ၏။ အ​ကျွန်ုပ်၏​နှ​လုံး​ထဲ​မှာ စိတ်​များ​ပြား​သော​အ​ခါ၊ ကိုယ်​တော်​သည် သက်​သာ​စေ​တော်​မူ​သ​ဖြင့်၊ အ​ကျွန်ုပ်၏ ဝိ​ညာဉ်​သည် ရွှင်​လန်း​ပါ၏။' (ဆာလံ ၉၄:၁၈-၁၉)

သင့်အတိတ်ကို ခဏလောက် ပြန်လည်စဉ်းစားကြည့်ဖို့ သင့်ကိုဖိတ်ခေါ်ချင်ပါတယ်... သင်ဟာ နာကျင်ခက်ခဲတဲ့စုံစမ်ခြင်းတွေကို ဖြတ်သန်းခဲ့ရတဲ့အချိန်တိုင်းမှာ၊ ဘယ်အရာက သင့်ကို အဲ့ဒီအထဲကနေ ပြန်လည်လွတ်မြောက်အောင် ကူညီပေးခဲ့ပါသလဲ။ လူအများစုအတွက်ကတော့၊ သူ့ကို ဝန်းရံထောက်မပေးနေတဲ့ ဘုရားသခင်၊ ပြီးတော့ သူ့အနားမှာ ချစ်ရတဲ့သူတွေရဲ့တည်ရှိနေမှုက အရာအားလုံးကို ပြောင်းလဲစေခဲ့တယ်လို့ ကျွန်ုပ်မျှော်လင့်ပါတယ်။

သမ္မာကျမ်းစာက ဒီလိုပြောထားပါတယ်- 'တစ်​ယောက်​လဲ​လျှင် တစ်​ယောက်​ထူ​လိမ့်​မည်။ တစ်​ယောက်​တည်း​သော​သူ လဲ​လျှင်​မူ​ကား အ​ကျိုး​နည်း​ပြီ။ ထူ​သော​သူ မ​ရှိ။' (ဒေသနာ ၄:၁၀)

သင်ဟာ ဘယ်လိုစုံစမ်းခြင်းမျိုးကိုပဲ ဖြတ်သန်းနေရပါစေ၊ ကျွန်တော်ခွန်အားပေးချင်တယ်- မိတ်ဆွေ၊ သင်ဟာ တစ်ယောက်တည်းမဟုတ်ပါဘူး။ သခင်ယေရှု သင်နဲ့အတူ ရှိနေပါတယ်။ သခင်ယေရှုက သင့်ကို ပြန်လည်ထူမတ်ပေးနေပါတယ်။ သင့်ရဲ့ဦးခေါင်းကို မတ်ပေးနေပါတယ်။ သခင်ယေရှုဟာ ကမ္ဘာကုန်သည့်တိုင်အောင် သင်နဲ့အတူ အစဉ်မပြတ် ရှိနေတော်ပါတယ်။

'မ​စိုး​ရိမ်​နှင့်။ ငါ​သည် သင့်​ဘက်​မှာ​ရှိ၏။ မ​ကြောက်​နှင့်။ သင်၏​ဘု​ရား​သ​ခင် ငါ​သည် သင့်​ကို​ခိုင်​ခံ့​စေ​မည်။ သင့်​ကို စောင့်​မ​မည်။ ငါ့​သ​စ္စာ​လက်​ယာ​လက်​ဖြင့် ထောက်​ပင့်​မည်။'  (ဟေရှာယ ၄၁:၁၀)

သင့်နှလုံးသားကို စုံလင်စွာ ထောက်မပေးနိုင်တဲ့ ဘုရားသခင်ရဲ့ လက်တော်ထဲကို သင့်အသက်တာတစ်ခုလုံး ယုံကြည်စိတ်ချစွာနဲ့ အပ်နှံလိုက်ပါ။

မိတ်ဆွေ သင်ဟာ ကောင်းကြီးမင်္ဂလာတစ်ခုဖြစ်ပါတယ်။

Htun Naung Sin
ရေးသားသူ

သင့်ဘဝမှာ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေကိုပဲ ဖြတ်သန်းနေရပါစေ၊ မျှော်လင့်ခြင်းဆိုတာ အမြဲတမ်း တည်ရှိနေပါတယ်လို့ သင့်ကို အားပေးတိုက်တွန်းလိုက်ပါတယ်။