• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
ထုတ်ဝေသည့်ရက်စွဲ ၂၅ အောက် ၂၀၂၅

သင့်ကို ဝမ်းမြောက်စေသော အရာ

ထုတ်ဝေသည့်ရက်စွဲ ၂၅ အောက် ၂၀၂၅

ဒီနေ့မှာတော့ ဘုရားသခင် သင့်ကို ပေးသနားလိုတဲ့ ဝမ်းမြောက်ခြင်းအကြောင်းကို ဆွေးနွေးရင်း၊ ဆာလံ ၉၄:၁၈-၁၉  ကို ဆက်လက်လေ့လာကြပါစို့။

'ငါ့​ခြေ​ချော်​လျက်​ရှိ​သည်​ဟု အ​ကျွန်ုပ်​ဆို​သော​အ​ခါ၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​က​ရု​ဏာ​သည် အ​ကျွန်ုပ်​ကို ထောက်​မ​ပါ၏။ အ​ကျွန်ုပ်၏​နှ​လုံး​ထဲ​မှာ စိတ်​များ​ပြား​သော​အ​ခါ၊ ကိုယ်​တော်​သည် သက်​သာ​စေ​တော်​မူ​သ​ဖြင့်၊ အ​ကျွန်ုပ်၏ ဝိ​ညာဉ်​သည် ရွှင်​လန်း​ပါ၏။ ' (ဆာလံ ၉၄:၁၈-၁၉)

“ကိုယ်​တော်၏​က​ရု​ဏာ​တော်​သည်...” ဘုရားသခင်ဟာ သင့်ကို အမြဲတမ်းချစ်တယ် မိတ်ဆွေ။ သင်မမွေးဖွားခင်ကတည်းက ဘုရားသခင်ဟာ သင့်ကိုချစ်ခဲ့ပြီး၊ သင့်အတွက် မယုံနိုင်လောက်စရာ အစီအစဉ်တွေကို ပြင်ဆင်ထားခဲ့ပြီးသားဖြစ်ပါတယ်။

နှုတ်ကပတ်တော်က ဒီလိုပြောထားပါတယ်- 'ငါ​တို့​သည် အ​ပြစ်​ရှိ​စဉ်​ပင်၊ ခ​ရစ်​တော်​သည် ငါ​တို့​အ​တွက်​ကြောင့် အ​သေ​ခံ​တော်​မူ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို အ​ဘယ်​မျှ​လောက် ချစ်​တော်​မူ​သည်​ကို ငါ​တို့​အား ထင်​ရှား​စွာ​ပြ​တော်​မူ၏။-'  (ရောမ ၅:၈)

ဘုရားသခင်ဟာ သင့်ကိုချစ်ပါတယ်... ကိုယ်တော်ဟာ သူ့ရဲ့မေတ္တာတော်ရဲ့အဆုံးမှာ အာမေဍိတ်သင်္ကေတတစ်ခုကို ထည့်ထားခဲ့ပါတယ်။ လက်ဝါးကပ်တိုင်ဟာ သင့်ဘဝရဲ့မေးခွန်းသင်္ကေတအားလုံးရဲ့ရှေ့မှာ ဘုရားသခင်က ချပေးလိုက်တဲ့ အာမေဍိတ်သင်္ကေတတစ်ခုပါပဲ။

  • သင်စိုးရိမ်ပူပန်နေတဲ့ ဆက်ဆံရေးတွေ အထဲမှာ ဘုရားသခင်ရဲ့မေတ္တာတော် ရှိနေပါတယ်။ ဘုရားသခင်က သင့်ကိုချစ်ပြီး သူ့ရဲ့လက်မောင်းတော်ထဲမှာ သင့်ကို ပွေ့ဖက်ထားပါတယ်။

  • သင်စိုးရိမ်ပူပန်နေတဲ့ ငွေရေးကြေးရေးပြဿနာအလယ်မှာ ဘုရားသခင်ရဲ့ မေတ္တာတော် ရှိနေပါတယ်။ ဘုရားသခင်က သင့်ကိုချစ်ပြီး သင့်ရဲ့လိုအပ်မှုတွေကို ထောက်ပံ့ပေးနေပါတယ်။

  • သင်စိုးရိမ်ပူပန်နေတဲ့ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ အခက်အခဲပြဿနာတွေထဲမှာလည်း ဘုရားသခင်ရဲ့မေတ္တာတော် ရှိနေပါတယ်။ ဘုရားသခင်က သင့်ကိုချစ်ပြီး သင့်ကို ပြန်လည်ထူမတ်ပေးနေပါတယ်။

  • သင်စိုးရိမ်ပူပန်နေတဲ့ မိသားစုထဲမှာလည်း ဘုရားသခင်ရဲ့မေတ္တာတော် ရှိနေပါတယ်။ ဘုရားသခင်က သင့်ကိုချစ်ပြီး သင်ချစ်ရတဲ့သူတွေကိုလည်း ဂရုစိုက်ပေးနေပါတယ်။

ဘုရားသခင်ရဲ့မေတ္တာက သင့်ကို ဝမ်းမြောက်စေပါတယ်။ ဘုရားသခင်ရဲ့မေတ္တာတော်ထဲကို တိုးဝင်လာခဲ့ပါ…

မိတ်ဆွေ၊ ဆရာမ စူစဲန်နာမင်းသီဆိုထားတဲ့ "လက်မလျှော့တဲ့အချစ်” ဆိုတဲ့ သီချင်းလေးထဲမှာ သင်ကြားရမယ့်အတိုင်း ဘုရားသခင်က သင့်အပေါ်မှာ ဘယ်တုန်းကမှ လက်မလျှော့ခဲ့သလို၊ အခုလည်း သင့်ကို စောင့်ကြိုနေတယ်ဆိုတာကို သိစေချင်ပါတယ်။ ဒီသီချင်းလေးက ဘယ်လိုအခြေအနေပဲရှိနေပါစေ ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာက ကျွန်တော်တို့ကို လိုက်မှီကြောင်း သက်သေခံထားတဲ့ သီချင်းဖြစ်ပါတယ်။

မကုန်ဆုံးနိုင်တဲ့ ဘုရားသခင်ရဲ့မေတ္တာအတွက် ကျွန်တော်နဲ့ အတူ ဘုရားသခင်ကို ကျေးဇူးတင်ကြရအောင်…” ဘုရားသခင်၊ ကိုယ်တော်ရဲ့ နာမတော်ကို ချီးမြှောက်ပါတယ်။ ကိုယ်တော်ရဲ့ မေတ္တာတော်က ကြီးမားလွန်းလှပါတယ်။ ကျွန်ုပ်တို့ အားငယ်ချိန်တိုင်း၊ လဲကျချိန်တိုင်း ကိုယ်တော့်ရဲ့ မေတ္တာက အမြဲတမ်း ပြန်လည်ထွေးပွေ့ပေးလို့ ကျေးဇူးတင်ပါတယ်။ ဘယ်လိုအခြေအနေပဲ ရှိပါစေ ကိုယ်တော့်ရဲ့ ချစ်ခြင်းမေတ္တာက ကျွန်ုပ်တို့အပေါ်မှာ ဘယ်တော့မှ လက်လျှော့မသွားလို့ ကျေးဇူးတင်ပါတယ်။ အရာခပ်သိမ်းအတွက် ကျေးဇူးတင်ပါတယ်။ ကိုယ်တော့် မေတ္တာက ကျွန်ုပ်တို့ကို ဝမ်းမြောက်စေပါတယ်။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။”

Htun Naung Sin
ရေးသားသူ

သင့်ဘဝမှာ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေကိုပဲ ဖြတ်သန်းနေရပါစေ၊ မျှော်လင့်ခြင်းဆိုတာ အမြဲတမ်း တည်ရှိနေပါတယ်လို့ သင့်ကို အားပေးတိုက်တွန်းလိုက်ပါတယ်။