• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
    • VI Vietnamese
ထုတ်ဝေသည့်ရက်စွဲ ၂၇ အောက် ၂၀၂၆

ဘုရားသခင်က ကျွန်ုပ်တို့ကို အရင်ဆုံး သိကျွမ်းတော်မူတယ်

ထုတ်ဝေသည့်ရက်စွဲ ၂၇ အောက် ၂၀၂၆

ဘုရားသခင်နဲ့ ပိုမိုရင်းနှီးကျွမ်းဝင်တဲ့ အသက်တာကို တည်ဆောက်ဖို့ ကြိုးစားတဲ့အခါ ကျွန်မတို့ သတိရရမယ့် အရာတစ်ခု ရှိပါတယ်။

ဒါကတော့ ကျွန်မတို့ ဘုရားသခင်ကို မသိခင်ကတည်းက ဘုရားသခင်ဟာ ကျွန်မတို့ကို သိကျွမ်းတော်မူတယ် ဆိုတာပါ ။

တစ်ခါတလေ ဘုရားသခင်ရှေ့တော်ကို ချဉ်းကပ်တဲ့အခါ ကိုယ့်ရဲ့အားနည်းချက်တွေ၊ အမှားတွေ၊ မပြည့်စုံမှုတွေကြောင့် ကိုယ်တော်နဲ့ ဝေးကွာနေသလို ခံစားရတတ်ပါတယ်။ ဘုရားသခင်နဲ့ ရင်းနှီးဖို့ဆိုရင် ကိုယ့်ကိုယ်ကို ပိုကောင်းအောင် အရင်ပြုပြင်ရမယ်လို့လည်း ထင်တတ်ကြပါတယ်။

ဘုရားသခင်က ကျွန်မတို့ရဲ့ နှလုံးသားကို သိတော်မူပါတယ်။ 

“အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​စစ်​ကြော၍ သိ​တော်​မူ၏။ အ​ကျွန်ုပ်​ထိုင်​ခြင်း၊ ထ​ခြင်း​အ​ရာ​တို့​ကို သိ​တော်​မူ၏။ အ​ကျွန်ုပ်​အ​ကြံ​အ​စည်​တို့​ကို အ​ဝေး​က​ပင် နား​လည်​တော်​မူ၏။” ဆာလံ‬ ‭139‬:‭1‬-‭2‬

လို့ တွေ့ရပါတယ် ။ ဒါဝိဒ်က ထာဝရဘုရားဟာ သူ့ကို စစ်ကြောသိမြင်တော်မူပြီး ဖြစ်ကြောင်း၊ သူထိုင်ခြင်း၊ ထခြင်းနဲ့ သူ့အတွေးတွေကို အဝေးကတည်းက သိတော်မူကြောင်း ဝန်ခံထားပါတယ်။

ကျွန်မတို့ ဘာပြောမလဲဆိုတာ မပြောခင်ကတည်းက သိတော်မူတယ်။ ဘယ်သူ့ကိုမှ မဖွင့်ပြနိုင်တဲ့ နာကျင်မှုတွေကိုလည်း သိတော်မူတယ်။ ကိုယ်တိုင်တောင် နားမလည်နိုင်သေးတဲ့ နှလုံးသားရဲ့ အခြေအနေတွေကိုလည်း ကိုယ်တော် သိမြင်တော်မူပါတယ်။

ကိုယ်တော်ရှေ့မှာ ဟန်ဆောင်စရာမလိုပါဘူး ! ဘုရားသခင်က ကျွန်မတို့ကို အမှန်တကယ် သိတော်မူတဲ့အတွက် ကိုယ်တော်ရှေ့မှာ ကိုယ့်အကြောင်းကို ဖုံးကွယ်နေစရာ မလိုပါဘူး။ အားနည်းနေတဲ့အခါ အားနည်းကြောင်း ရိုးသားစွာ ဝန်ခံနိုင်ပါတယ်။

ဘုရားသခင်နဲ့ ရင်းနှီးကျွမ်းဝင်ခြင်းဆိုတာ ကိုယ်တော်ကို သိအောင် ကြိုးစားရုံသာမက၊ ကိုယ့်နှလုံးသားကို ကိုယ်တော်ရှေ့မှာ ဖွင့်ဟခြင်းလည်း ဖြစ်ပါတယ်။

ဒီနေ့ ဆုတောင်းတဲ့အခါ လှပတဲ့စကားလုံးတွေကို ရွေးချယ်ဖို့ထက် ကိုယ့်နှလုံးသားကို ရိုးသားစွာ ဖွင့်ပြကြည့်ပါ။ ကိုယ်တော်သိပြီးသားအရာတွေကိုတောင် ကိုယ်တော်ရှေ့မှာ ပြောပြပါ။ ဘာကြောင့်လဲဆိုတော့ ဆုတောင်းခြင်းဟာ ဘုရားသခင်မသိသေးတဲ့အရာတွေကို သတင်းပေးခြင်း မဟုတ်ဘဲ၊ ကိုယ့်နှလုံးသားကို ဖွင့်ဟပြောထုတ်ပြီး ကိုယ်တော်နဲ့ ရင်းနှီးလာခြင်း ဖြစ်လို့ပါပဲ။

အဖဘုရားသခင် …ကျွန်ုပ်ကို အပြည့်အဝ သိမြင်တော်မူတဲ့အရှင်ဖြစ်လို့ ကျေးဇူးတင်ပါတယ်။ ကျွန်ုပ်ရဲ့ အားနည်းချက်တွေ၊ ကြောက်ရွံ့မှုတွေ၊ နာကျင်မှုတွေကို ကိုယ်တော်ရှေ့မှာ ဖုံးကွယ်မထားဘဲ ရိုးသားစွာ ဖွင့်ဟတတ်ဖို့ ကူညီတော်မူပါ။ ကိုယ်တော်က ကျွန်ုပ်ကို သိကျွမ်းတော်မူကြောင်း ယုံကြည်ပြီး ကိုယ်တော်နဲ့ ပိုမိုရင်းနှီးတဲ့ ဆက်ဆံရေးထဲမှာ အသက်ရှင်တတ်စေတော်မူပါ။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။

Nant Chit
ရေးသားသူ

ဘုရားသခင်ရဲ့ မေတ္တာတော်ကို သင့်ကိုယ်တိုင် တိုက်ရိုက် စစ်မှန်စွာ ခံစားသိရှိနိုင်စေဖို့၊ ဤသတင်းစကားကိုဖော်ပြပေးလိုက်ပါတယ်။