အဆုံးသတ်က အစပြုခြင်းတစ်ခုဆိုရင်ကော
ကျွန်တော် ဘုရားသခင်နဲ့ တိတ်ဆိတ်စွာ အချိန်ယူရင်းတစ်ခါတစ်ရံမှာ ဒီလိုတွေးမိပါတယ်၊ “ယေရှုခရစ်တော်က ဘာဖြစ်လို့ ဒီလောက်တောင် ကြောက်မက်ဖွယ်ကောင်းတဲ့နည်းနဲ့ အသေခံပြီး ဒုက္ခဝေဒနာကို ခံခဲ့ရတာလဲ” လို့ပေါ့။
သမ္မာကျမ်းစာထဲမှာတော့ ဒီမေးခွန်းကို မတူညီတဲ့နည်းလမ်းနဲ့ မေးထားပါတယ်- 'ခရစ်တော်သည် ဤသို့ပင် အသေခံ၍ မိမိဘုန်းစည်းစိမ်တော်ကို ဝင်စားရမည်မဟုတ်လောဟု မိန့်တော်မူ၏။-' (လုကာ ၂၄:၂၆)
ဟုတ်ပါတယ်၊ ကိုယ်တော်ဟာ ဒီကြောက်မက်ဖွယ်ကောင်းတဲ့ ဒုက္ခဝေဒနာကို “ခံခဲ့ရပါတယ်”။ ဘာကြောင့်လဲ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တော့်ရဲ့အသေခံခြင်းက ကျွန်ုပ်တို့ကို အကြီးမြတ်ဆုံးသော ဘုရားသခင်ရဲ့ သားသမီးတွေ ဖြစ်စေလို့ပဲဖြစ်ပါတယ်…!
ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တော့်ရဲ့အသေခံခြင်းဟာ ထာဝရအသက်ကို သယ်ဆောင်လာပေးပြီး၊ အဲ့တာက ဘာဆို ဘာနဲ့မှ နှိုင်းယှဉ်လို့မရတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် သခင်ယေရှုရဲ့ လက်ဝါးကားတိုင်ပေါ်မှာ အဆုံးသတ်အသေခံခြင်းဟာ ကိုယ်တော်နဲ့အတူ ကျွန်ုပ်တို့အတွက် ပိုကောင်းတဲ့ အသက်တာသစ် အစပြုခြင်းကို ဖြစ်စေပါတယ်…!
ဒါကြောင့် မိတ်ဆွေ၊ သင်ဟာ တစ်စုံတစ်ခုကို စွန့်လွှတ်ရမယ့်အချိန်တွေကို ဖြတ်သန်းရတဲ့အခါတိုင်းမှာ ဒီအကြောင်းအရာလေးကို စဉ်းစားကြည့်ပါ- လိပ်ပြာဖြစ်လာမယ့် ပိုးဖလံလောင်းလေးတစ်ကောင်လိုပါပဲ၊ တစ်ခါတစ်ရံမှာ ကျွန်ုပ်တို့ဟာ တစ်စုံတစ်ခုရဲ့သေဆုံးခြင်း၊ အဆုံးသတ်ခြင်းကို လက်ခံဖို့လိုအပ်ပါတယ်။ အဲ့ သေဆုံးခြင်း၊ အဆုံးသတ်ခြင်းနဲ့ ဆက်ဆိုင်တဲ့ အရာကို လက်ခံလိုက်မှသာလျှင် အသက်ရှင်ခြင်းနဲ့ ဆိုင်တဲ့ ပိုမိုခမ်းနားပြီး ကြီးမားတဲ့အရာတစ်ခုကို လက်ခံရစရာအကြောင်းရှိပါတယ်။
ဒါဟာ ရူးနှမ်းတယ်လို့ထင်ရနိုင်ပေမဲ့ ဒါဟာ စစ်မှန်သော အမှန်တရားတစ်ခုဖြစ်ပါတယ်- သေခြင်းတရားထဲကနေ အသက်ရှင်ခြင်းက ထိုးထွက်ပေါက်ဖွားလာနိုင်ပါတယ်။
အဆုံးသတ်က အစပြုခြင်းတစ်ခုပဲဆိုရင် သင့်ရဲ့ ဆုံးရှုံးခြင်းနဲ့ အဆုံးသတ်ခဲ့ရတဲ့အရာတွေအားလုံးဟာ သာ၍ ကြီးမားသော အရာများအတွက် အစဖြစ်ပါတယ်။
ဘုရားသခင် သာ၍ ကောင်းကြီးပေးပါစေ။