• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
ထုတ်ဝေသည့်ရက်စွဲ ၂၁ အောက် ၂၀၂၅

ပြုပြင်နေဆဲကာလ !

ထုတ်ဝေသည့်ရက်စွဲ ၂၁ အောက် ၂၀၂၅

ခရီးတစ်ခုကို သွားတဲ့အခါ လမ်းပြင်နေတဲ့အချိန်နဲ့ကြုံရင် အရမ်းစိတ်ရှုပ်ဖို့ကောင်းတယ်နော် !

လမ်းပြင်တဲ့အခါ ကားပိတ်တဲ့ အပြင် Slowdown တွေကြားထဲ ဖြည်းဖြည်းလေး သွားရတဲ့အခါ အချိန်လည်းကုန်ပါတယ် ။ 

တချို့နေရာတွေဆိုပြင်တဲ့ကာလက ကြာတဲ့အခါ အဲ့လမ်းကို မသွားချင်လောက်အောင် ဖြစ်သွားတတ်တယ် ..

ဒါပေမယ့် မပြင်တော့ရင်လည်းအဲ့လမ်းက ဆိုးသထက် ဆိုးမယ်ဆိုတာလည်း ကျွန်မတို့အားလုံးသိထားပါတယ် ။ 

လမ်းကိုပြင်ပြီးတဲ့အခါမှာတော့ သွားလာရ ပိုပြီးချောမွေ့လာတယ် ၊ အချိန်ကုန်သက်သာတယ် ၊ ပိုပြီးတော့လည်း စိတ်ချမ်းသာရတယ် မဟုတ်လား ? 

အဲ့လိုပဲ ကျွန်မတို့ရဲ့ အသက်တာမှာလည်း ပြုပြင်နေဆဲကာလကို ဖြတ်သန်းရတတ်ပါတယ် ။ ဘယ်သူက ပြုပြင်ပေးနေတာလဲဆိုတော့ ဘုရားသခင် ကိုယ်တိုင်ပါပဲ …

ဘုရားသခင်ဟာ လိုအပ်ရင် လိုအပ်သလို သင့်ကို ပြုပြင်ပေးနေတယ် ။ တချို့အရာတွေကိုကျတော့ အသေးစိတ်ပြုပြင်ရတဲ့ အပိုင်းတွေရှိတာပေါ့ … 

ဘုရားသခင်ဟာ ကျွန်မတို့ရဲ့ နှလုံးသားကို ပုံသွင်းပေးတယ် ၊ မလိုအပ်တဲ့ အပိုင်းအစတွေကို ရှင်းထုတ်ပေးနေပါတယ် ။

အဲ့လို ပြုပြင်နေတဲ့ ကာလကိုတော့ ဘယ်သူမှ ဖြတ်သန်းချင်မှာ မဟုတ်ပါဘူး .. ကျွန်မကိုယ်တိုင်လည်း ဖြတ်သန်းဖို့ အတွက် ခက်ခဲပါတယ် …

ဒါပေမယ့် ကျွန်မတို့အသက်တာမှာ ပိုပြီး ရင့်ကျက်လာအောင် ၊ ခိုင်ခံ့လာအောင် ၊ ခံနိုင်ရည်ရှိလာအောင် ပြုပြင်ပေးနေတာဖြစ်တဲ့အတွက် သေချာပေါက် ဖြတ်သန်းသင့်တယ် မဟုတ်လား ? 

ကျမ်းစာထဲမှာ ဒီလိုဖော်ပြထားပါတယ် …

“ထို​မျှ​မ​က၊ ဒု​က္ခ​ဆင်း​ရဲ​ခြင်း​ကို​ခံ၍ ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ဒု​က္ခ​ဆင်း​ရဲ​ခြင်း​သည် သည်း​ခံ​ခြင်း​ကို ပြု​စု​တတ်၏။- သည်း​ခံ​ခြင်း​သည်​လည်း သက်​သေ​ထင်​ရှား​ခြင်း​ကို ပြု​စု​တတ်၏။ သက်​သေ​ထင်​ရှား​ခြင်း​သည်​လည်း မျှော်​လင့်​ခြင်း​ကို ပြု​စု​တတ်၏။-”  ရောမ‬ ‭၅‬:‭၃‬-‭၄‬

ဒုက္ခဆင်းရဲခြင်း တွေကို ဖြတ်သန်းရတဲ့ အခါ ဝမ်းမြောက်ဖို့လိုပါတယ် ။ ဘာကြောင့်လဲဆိုရင် ထို ဒုက္ခဆင်းရဲကပဲ ယေရှုခရစ်တော်ကဲ့သို့ ခိုင်ခံ့ရင့်ကျက်ဖို့အတွက် ကျွန်မတို့ကို ဘုရားသခင်ကိုယ်တိုင် ပြုပြင်ပေးတဲ့ အရာတွေ ဖြစ်နေလို့ပါ  .. 

ဒါကြောင့် စိတ်ရှည်သည်းခံပါ မိတ်ဆွေ ! 

ပြုပြင်နေဆဲကာလက ပျော်စရာတော့ မကောင်းပေမယ့် လောကမှာ အသက်ရှင်တဲ့အခါ သင့်အတွက် မရှိမဖြစ်လိုအပ်တဲ့ကာလလည်း ဖြစ်ပါတယ် ..

ဒါပေမယ့် ထိုကာလ ကျော်လွန်ပြီးတဲ့အခါ ချောမွေ့လာမယ့် ၊ လှပလာမယ့် ၊ ခိုင်ခံ့လာမယ့် သင့်အသက်တာလမ်းခရီးကို မြင်ယောင်ကြည့်လိုက်ပါ … ဒါဆိုရင် အဲ့ဒီကာလကို ဖြတ်သန်းဖို့ သင်ငြင်းလိမ့်မယ်တော့ကျွန်မမထင်ပါဘူး … 

သင့်အသက်တာဟာ ဘုရားသခင်ရဲ့ပြုပြင်ပေးခြင်းထဲမှာ ပိုမို လှပလာပါပြီ 🤍

Nant Chit
ရေးသားသူ

ဘုရားသခင်ရဲ့ မေတ္တာတော်ကို သင့်ကိုယ်တိုင် တိုက်ရိုက် စစ်မှန်စွာ ခံစားသိရှိနိုင်စေဖို့၊ ဤသတင်းစကားကိုဖော်ပြပေးလိုက်ပါတယ်။