• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
ထုတ်ဝေသည့်ရက်စွဲ ၂၀ အောက် ၂၀၂၅

ဖြေရှင်းရခက်တဲ့ အခြေအနေတစ်ခုနဲ့ ရင်ဆိုင်နေရပါသလား?

ထုတ်ဝေသည့်ရက်စွဲ ၂၀ အောက် ၂၀၂၅

သင့်ဘဝထဲမှာ ဖြေရှင်းဖို့ခက်တဲ့ ၊ ဖြေရှင်းလို့ မရတဲ့ အခြေအနေတစ်ခုနဲ့ ထိပ်တိုက်ရင်ဆိုင်နေရချိန်မှာ ဘာလုပ်လေ့ရှိလဲ ? 

ကျွန်မကတော့ ဘုရားသခင်ကို အော်ဟစ် ပြီး အကူအညီတောင်းလိုက်တာပါပဲ ! သင်လည်း အဲ့လိုပဲ လုပ်ဖြစ်မယ်လို့ ကျွန်မထင်တယ် ။

လောကမှာ ကျွန်မတို့ မဖြေရှင်းနိုင်တဲ့ အရာတွေ တွေ့ကြုံရလေ့ရှိပါတယ် …

ဥပမာ - တစ်ချို့သော စွဲလမ်းတပ်မက်ခြင်း တွေ ၊ အကျင့်ဆိုးတွေ ၊ ဒုစရိုက်တွေကြားမှာ ရုန်းထွက်လို့ မရတဲ့ အခြေအနေမျိုးတွေပေါ့ ။ 

ဒီလိုအခြေအနေမျိုးတွေ ကြုံလာရပြီဆိုရင်တော့ ဘုရားသခင် ရဲ့ “တန်ခိုးတော်” ဟာ သင့်အသက်တာထဲမှာ လိုအပ်လာပြီ ဆိုတာ သတိရလိုက်ပါ ။ 

ဒီကျမ်းစာလေးကို ဖတ်ဖူးမယ် ထင်တယ် ! 

“ဤ​ဆင်း​ရဲ​သော​သူ၏ အော်​ဟစ်​ခြင်း​အ​သံ​ကို ထာ​ဝ​ရ​ဘု​ရား​သည် နား​ထောင်၍၊ ခပ်​သိမ်း​သော ဆင်း​ရဲ​ထဲ​က ကယ်​လွှတ်​တော်​မူ၏။” ‭‭ဆာလံ‬ ‭၃၄:‭၆‬

ကျွန်မတို့ ဘုရားကိုအော်ဟစ် တတ်ရင် ဘုရားက ကျွန်မတို့ကို ခပ်သိမ်းသော ဆင်းရဲထဲမှ ကယ်လွှတ်မယ် ၊ ကျွန်မတို့ အသက်တာက လွတ်မြောက်မယ် ဆိုတာ ဖော်ပြထားပါတယ် ။ 

ဒါဟာ ဘုရားသခင်ရဲ့ “တန်ခိုးတော်” ဖြစ်ပါတယ် ။ ပထမဆုံးအနေနဲ့ ဘုရားရဲ့ တန်ခိုးတော်ဟာ ကျွန်မတို့ကို လွတ်မြောက်စေပြီးပြီဆိုရင်တော့ နောက်တစ်ဆင့်အနေနဲ့ သူပေးတဲ့ လွှတ်ခြင်းချမ်းသာထဲမှာ သူနဲ့ အတူ ဘယ်လိုမျိုး လျှောက်လှမ်းသွားလာရမလဲဆိုတဲ့ ဘုရားသခင်ရဲ့ “ ဥာဏ်ပညာ” ကလည်း လိုအပ်ပါသေးတယ် ။ ဒါမှပဲ အရင်တုန်းက အခြေအနေမျိုးထဲကို ပြန်မရောက်သွားမှာ ဖြစ်တယ်။ 

“သို့​သော်​လည်း၊ ယု​ဒ​လူ​ဖြစ်​စေ၊ ဟေ​လ​သ​လူ​ဖြစ်​စေ၊ ခေါ်​တော်​မူ​သော​သူ​တို့၌ ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​နှင့် ဘု​ရား​သ​ခင်၏​ပ​ညာ​တော်​တည်း​ဟူ​သော ခ​ရစ်​တော်၏ တ​ရား​ဖြစ်၏။-”  ၁ ကောရိန္သု‬ ‭၁:‭၂၄

  • ဘုရားရဲ့ တန်ခိုးတော်က ကျွန်မတို့ကို လွှတ်ခြင်းပေးတယ် 

  • ဘုရားရဲ့ ဥာဏ်ပညာကတော့ ဘုရားသခင်နှစ်သက်တဲ့ အသက်တာ အတိုင်း နေ့စဉ် လိုက်လျှောက်စေဖို့ လမ်းညွှန်ပေးပါတယ် 

ဒါကြောင့်  မိတ်ဆွေ ရေ …

သင်လိုအပ်နေတဲ့ အဖြေတွေက ယေရှုအထဲမှာရှိနေပါတယ် ….

ယေရှုခရစ်တော်ထဲမှာ သင့်အခြေအနေတွေကို အောင်မြင်ကျော်လွှားနိုင်စေတဲ့ တန်ခိုးတော်ကိုရှာပါ … 

ပြီးရင် .. ဘုရားသခင်နှစ်သက်တဲ့ အသက်တာအတိုင်း အသက်ရှင်စေဖို့ ဥာဏ်ပညာကိုလည်း လက်ခံလိုက်ပါ ။ 

ဒီနေ့မှာပဲ ယေရှုဘုရားထံမှ  တန်ခိုးတော် နဲ့ ဥာဏ်ပညာ ကို တောင်းခံပြီး အခု ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို ရင်ဆိုင်ကြရအောင် ! 

ယေရှုခရစ်တော်ရဲ့ “တန်ခိုးတော်နဲ့ ဥာဏ်ပညာ” ဟာ သင့်အတွက် ဖြစ်ပါတယ် 🤍

Nant Chit
ရေးသားသူ

ဘုရားသခင်ရဲ့ မေတ္တာတော်ကို သင့်ကိုယ်တိုင် တိုက်ရိုက် စစ်မှန်စွာ ခံစားသိရှိနိုင်စေဖို့၊ ဤသတင်းစကားကိုဖော်ပြပေးလိုက်ပါတယ်။