• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
ထုတ်ဝေသည့်ရက်စွဲ ၁၉ အောက် ၂၀၂၅

မတုန်လှုပ်နိုင်သော ကျောက်ဆူး !

ထုတ်ဝေသည့်ရက်စွဲ ၁၉ အောက် ၂၀၂၅

အင်မတန်ကြီးမားတဲ့ သင်္ဘောတွေကို မလှုပ်ရှားသွားအောင် ထိန်းထားပေးတဲ့ ကျောက်ဆူးတွေကို မြင်ဖူးပါသလား ? အရမ်း အံ့ဩဖို့ကောင်းပါတယ် ! အဲ့ဒီ ကျောက်ဆူးတစ်ခုက လူများစွာ တန်းစီပြီး မတ်တပ်ရပ်တာထက်တောင် ပိုပြီး ရှည်လျားတဲ့ အလွန်ကြီးမားတဲ့ အရွယ်အစား ဆိုတာ တွေ့ရမှာပါ ။

ဥပမာအားဖြင့် တိုက်တန်းနစ်သင်္ဘောရဲ့ အဓိက ကျောက်ဆူးရဲ့ အလေးချိန်က ၁၅ တန်ချိန် ကျော်ပါတယ် ။ 

ဒီလိုကျောက်ဆူးမျိုးချထားပြီ ဆိုရင်တော့ သင်္ဘောကို တော်တော်နဲ့ ဘယ်လိုအရာကမှ လာပြီး ရွေ့လျားစေလို့မရတော့ပါဘူး။ လူ့အနေနဲ့လုပ်ထားတဲ့ ကျောက်ဆူးကတောင် ဒီလောက်ခိုင်ခံ့ခြင်းကို ပေးတယ်ဆိုရင် ကျမ်းစာထဲမှာပါတဲ့ ကျောက်ဆူးကတော့ ပိုလို့တောင်ခိုင်ခံ့မြဲမြံနေမှာ အမှန်ပါပဲ ..

ခိုင်ခံ့တဲ့ ကျောက်ဆူး အကြောင်းကိုကျမ်းစာမှာ ဒီလိုမျိုးရေးထားပါတယ် ။ 

“ထို​မျှော်​လ​င့်​ခြင်း​မူ​ကား၊ ကု​လား​ကာ​အ​တွင်း၌​ချ၍ မြဲ​မြံ​ခိုင်​ခံ့​သော စိတ်​နှ​လုံး၏ ကျောက်​ဆူး​ကဲ့​သို့ ငါ​တို့၌​ရှိ​သ​တည်း။-”‭‭  ဟေဗြဲ‬ ‭၆‬:‭၁၉‬

ဒီကျောက်ဆူးဟာ - 

  • သင့်ကို ဘယ်တော့မှ မစွန့်ပစ်ဘူး

  • ဘယ်လိုမုန်တိုင်းကိုမဆို ရင်ဆိုင်နိုင်ဖို့ ကူညီပေးတယ်

  • ရွေ့လျားပြိုလဲခြင်းမရှိအောင် ကူညီပေးတယ်

  • လောကရဲ့ ထောက်ပံ့နိုင်တဲ့ အတိုင်းအတာထက် ပိုပီး ထောက်ပံ့မစပေးနိုင်တယ်

သင့်အသက်တာထဲ မုန်တိုင်းထန်နေတဲ့ကာလကို ဖြတ်သန်း နေရပါသလား မိတ်ဆွေ ? ယေရှုခရစ်တော်ကို ကိုင်စွဲထားလိုက်ပါ ! 

ယေရှုဘုရားသခင်က သင့်ကို ပြိုလဲမသွားဖို့ ကူမပေးနေတဲ့ “ခိုင်မာတဲ့ ကျောက်ဆူး” ဖြစ်ပါတယ် ။ 

သင့်ကို လုံခြုံစေပြီး ထောက်မပေးသောဘုရား ဖြစ်တယ်။ 

ဘုရားသခင် တစ်ပါးတည်းသာလျှင် သူ့ရဲ့ အကန့်အသတ်မရှိတဲ့ မေတ္တာနဲ့ ကျေးဇူးတော်အားဖြင့် သင့်ကို လုံခြုံ ခိုင်ခံ့ မြဲမြံစေမှာ ဖြစ်ပါတယ် ။ 

လေပြင်းတွေ တိုက်ကောင်းတိုက်လိမ့်မယ် ။ သို့သော် ယေရှုအထဲမှာ ရှိနေရင် သင့်ဟာ ဘယ်တော့မှ နစ်မြုပ်သွားမှာ မဟုတ်ပါဘူး မိတ်ဆွေ ရေ …

ကျွန်မနဲ့ အတူတကွ ဆုတောင်းကြရအောင်နော် !

“ယေရှုခရစ်တော် ဘုရား … ကျွန်ုပ်ရဲ့ အသက်တာထဲ မုန်တိုင်းတွေ ထန်ပြီး လဲပြိုရတော့မယ့်အချိန်ကာလကို ဖြတ်ကျော်နေရတဲ့အချိန်မှာ ကိုယ်တော့်ထံသို့ ခိုလှုံပါ၏ ။ ကိုယ်တော်က ကျွန်ုပ်ကို ခိုင်ခံ့စေသောဘုရား ဖြစ်ပါတယ် ။ 

ထို့ကြောင့်ကိုယ်တော့်နာမတော်ကို ကျွန်ုပ်ကိုင်စွဲပါတယ် ။ ကိုယ်တော့်ထံသို့ ယနေ့ပြန်လှည့်လာပါပြီ ။ ကိုယ်တော့်ရဲ့ ချစ်ခြင်းမေတ္တာ ၊ မျက်မှောက်တော် ၊ စကားတော် နှင့် အသံတော်ထဲမှာ ကျွန်ုပ်လုံခြုံလျက်ရှိပါတယ် ။ယေရှုဘုရား … ကိုယ်တော့်ကို အရမ်းချစ်ပါတယ် ။ ကျေးဇူးလည်းတင်တယ် ။ အခြေအနေတိုင်းကို ကိုယ်တော့်လက်တော်သို့ ပေးအပ်ပါတယ် ။ ယေရှုဘုရား၏ နာမတော်၌ ဆုတောင်းပါ၏ ။ အာမင် ! “ 

သင်ဟာ မတုန်လှုပ်နိုင်တဲ့ ကျောက်အပေါ်မှာ ရပ်တည်နေတဲ့ သူဖြစ်ပါတယ် 🤍

Nant Chit
ရေးသားသူ

ဘုရားသခင်ရဲ့ မေတ္တာတော်ကို သင့်ကိုယ်တိုင် တိုက်ရိုက် စစ်မှန်စွာ ခံစားသိရှိနိုင်စေဖို့၊ ဤသတင်းစကားကိုဖော်ပြပေးလိုက်ပါတယ်။