မျက်ခြေမပြတ်စေနဲ့ !
တစုံတယောက်ကို မျက်ခြေပြတ်တာမျိုး ကြုံရဖူးလား ?
ဥပမာ - သင်စျေးဝယ်နေတုန်း သင့်ကလေးငယ်လေးက ရုတ်တရတ် ပျောက်သွားတဲ့ အချိန်မျိုးပေါ့ ! အဲ့အချိန်ကတော့ အင်မတန်ထိတ်လန့်ရတဲ့ အချိန်ပဲ ! နောက်ဆုံး သင့်ကလေးငယ်လေးက အရုပ်လေးတွေနားမှာ သွားကြည့်နေတာကို သင်ပြန်မြင်တဲ့အခါ မှပဲ စိတ်အေးရတဲ့ အချိန်မျိုး ရှိတတ်ကြပါတယ် ။
ဒီလိုမျိုးပါပဲ …
သင့်ဘဝမှာ တစုံတဦးက သင့်မျက်စိရှေ့ကနေ ပျောက်သွားတဲ့အခါ စိုးရိမ်ခြင်း ကြောက်ရွံ့ထိတ်လန့် ခြင်းတွေက နေရာအပြည့်ယူလာတတ်သလို ၊ ယေရှုခရစ်တော်နောက်လိုက်နေရင်း မျက်ခြေပြတ်သွားခဲ့တယ်ဆိုရင်တော့ ကြောက်ရွံ့ခြင်းက တဖြည်းဖြည်း စိုးမိုးလာတတ်ပါတယ် ။ ဒါကြောင့် ဒီနေ့ကစပြီး ယေရှုခရစ်တော်ကို နည်းနည်းလေးမှ မျက်ခြေမပြတ်မိစေဖို့ အာရုံစိုက်ကြရအောင် မိတ်ဆွေ ရေ !
ဆာလံဆရာကတော့ -
“ငါသည် ထာဝရဘုရားကို အစဉ်မပြတ် မျက်မှောက်ပြု၏။ အကြောင်းမူကား၊ ငါလက်ယာဘက်၌ တည်ရှိတော်မူသည်ဖြစ်၍၊ ငါသည်လှုပ်ရှားခြင်းမရှိရ။ ” ဆာလံ ၁၆:၈ လို့ ရေးထားပါတယ် ။
ဘုရားသခင်ကို သင်အာရုံစိုက်ထားပါ ။ ဝိညာဉ်မျက်စိကို ဖွင့်ထားပါ …
သူရှိကြောင်း သင်မခံစားရတဲ့အချိန် ၊ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာသေးတဲ့ အချိန်၊ သင့်တည်ရှိမှုကို သင်ကိုယ်တိုင် မေ့နေခဲ့တဲ့ အချိန်မှာတောင် သူဟာ သင့်အနားမှာရှိနေပါတယ်
ဘုရားသခင်ဟာ သင့်လက်ယာဘက်မှာ ရှိနေတာကြောင့် သင့်အားနည်းချက်တွေက သင့်ကို အနိုင်ယူသွားမှာမစိုးရိမ်ပါနဲ့ !
အခြေအနေတိုင်းမှာ ယေရှုခရစ်တော်ကို ရှာပါ ။ ဒါမှသာ ဘုရားသခင်ရဲ့ မျက်မှောက်တော်ထဲမှာ ခွန်အားကိုရမှာ ဖြစ်သလို သင်ကိုယ်တိုင်ကလည်း သူတပါးကို ခွန်အားပြန်ပေးနိုင်မှာ ဖြစ်တယ် ။
အခုအချိန်မှာ ကျွန်မနဲ့ အတူတူ ဆုတောင်းဖို့ ဖိတ်ခေါ်ချင်ပါတယ် ..
“ယေရှုဘုရား .. ကိုယ်တော်၏ ဖြစ်ခြင်း နဲ့ ကိုယ်တော် ကျွန်ုပ်တို့အပေါ် ပြုပေးခဲ့သော အရာ များ ၊ ပြုပေးမယ့် အရာများအတွက် ကျေးဇူးတင်ပါတယ် ။ ဒီနေ့မှာ ကျွန်ုပ်ရဲ့ ဝိညာဉ်မျက်စိကို ဖွင့်တော်မူပါ ။ ကျွန်ုပ်ရဲ့ ပြသနာတွေကို မဟုတ်ပဲ ကိုယ်တော့်ကိုပဲ မျှော်ကြည့်တတ်ဖို့ သင်ပေးတော်မူပါ ။ ကိုယ်တော့်ကိုစေ့စေ့ကြည့်ရှုပြီး ကိုယ်တော့်ထံမှ မျက်ခြေမပြတ်သွားမိစေဖို့ ကူမတော်မူပါ ! သန့်ရှင်းသော ဝိညာဉ်တော်ဘုရား … လမ်းပြပေးတော်မူပါ ။ ယေရှုနာမတော်မြတ်၌ ဆုတောင်းပါ၏ ။ အာမင် “
သင်ဟာ ဘုရားသခင်ရဲ့ သတိနဲ့ ကြည့်ရှု စောင့်မခြင်းကို ခံစားရတဲ့သူ ဖြစ်ပါတယ် 🤍
ာ့်ထံသို့ စေ့စေ့ကြည့်ရှုနိုင်ရန် ကူမတော်မူပါ ။ ကျွန်ုပ်ရဲ့ ပြသနာတွေကို မဟုတ်ပဲ ကိုယ်တော့်ကိုပဲ မျှော်ကြည့်တတ်ဖို့ သင်ပေးတော်မူပါ ။ အာရုံစူးစိုက်နိုင်ပြီး ကိုယ်တော့်ထံမှ မျက်ခြေမပြတ်သွားမိပါစေနဲ့ ! သန့်ရှင်းသော ဝိညာဉ်တော်ဘုရားက လမ်းပြပေးတော်မူပါ ။ ယေရှုနာမတော်မြတ်၌ ဆုတောင်းပါ၏ ။ အာမင် “
သင်ဟာ ဘုရားသခင်ရဲ့ သတိနဲ့ စောင့်ကြည့်မစခြင်းကို ခံစားရတဲ့သူ ဖြစ်ပါတယ် 🤍