• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
ထုတ်ဝေသည့်ရက်စွဲ ၁၇ အောက် ၂၀၂၅

အရှုံးမပေးနဲ့ !

ထုတ်ဝေသည့်ရက်စွဲ ၁၇ အောက် ၂၀၂၅

ကျွန်မ အင်တာနက်ပေါ်မှာ ဓာတ်ပုံလေးတစ်ပုံတွေ့မိတယ် ။ ကြောင်လေး တစ်ကောင်က သူ့ကိုယ်သူ မှန်ထဲမှာ ကြည့်နေတဲ့ပုံလေးပါ ။ အံ့ဩစရာကောင်းတာက မှန်ထဲမှာတွေ့ရတာက သေးငယ်တဲ့ ကြောင်လေး မဟုတ်တော့ပဲ ခွန်အားကြီးတဲ့ ခြင်္သေ့တစ်ကောင်ဖြစ်နေတာကိုပါ .. 

ဒီပုံလေးက ကျွန်မကို ခွန်အားအများကြီး ရစေတယ် ။

“ငါက ကြောက်ရွံ့တတ်တဲ့ ကြောင်လေးမဟုတ်ဘူး ။ ရဲရင့်တဲ့ ခြင်္သေ့ဖြစ်တယ် “ လို့ အမြဲတမ်း တွေးမိစေတယ်။ 

စိန်ခေါ်မှုတွေ ရင်ဆိုင်လာခဲ့ရရင်တောင် “ ငါက ရှုံးနိမ့်နေတဲ့ သူ မဟုတ်ဘူး ! ဟုတ်တယ် ဒီပြသနာက ကြီးတယ် ၊ သို့သော် ငါက ဘယ်တော့မှ ရှုံးနိမ့်မှာမဟုတ်ဘူး။” လို့ ကိုယ့်ကိုယ်ကို ပြန်ပြောနေမိတယ် ။

ဒီနေ့ဒီအရာလေးကိုခွန်အားပေးချင်တယ် ။ အရှုံးမပေးပါနဲ့ မိတ်ဆွေ ! 

အခုအချိန်မှာ ငြီးတွားရာကာလကို ဖြတ်သန်းနေရနိုင်တယ် …

မိသားစု ပြသနာ (သို့) အိမ်ထောင်ရေး ပြသနာ တွေကြောင့် နာကျင်နေရနိုင်တယ် …

လွှတ်ချဖို့ ခက်ခဲတဲ့ စွဲလမ်းခြင်း တစုံတရာထဲမှာ ရှိနေနိုင်တယ် …

သင်ရင်ဆိုင်နေရတဲ့ အရာတွေကို ကျွန်မ အကုန်လုံးနားမလည်နိုင်သော်လည်း အားပေးချင်တယ် အရှုံးမပေးလိုက်နဲ့ ! သင်ဟာ အကူအညီမဲ့ နေတဲ့ သူတယောက် မဟုတ်ပါဘူး ။

ဆာလံဆရာကတော့ ဒီလိုပြောထားတယ် …

“ကောင်း​ကင်​နှင့် မြေ​ကြီး​ကို ဖန်​ဆင်း​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ၊ ငါ့​ကို​မ​စ​ခြင်း​အ​ကြောင်း​သည် ပေါ်​ထွက်​ရ၏။” ဆာလံ‬ ‭၁၂၁‬:‭၂‬ ‬‬

လောကကြီးထဲ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတဲ့ ဘုရားသခင်ဟာ သင့်ကို ကူညီဖို့ရှိနေပါတယ် ။ 

တခြားသူမဟုတ်ပါဘူး ။ သင့်ရဲ့ ကောင်းကင်အဖဟာ သင်နဲ့ အနီးဆုံးမှာရှိနေပါတယ် ။ 

ကျမအသက်တာထဲမှာလည်း အရှုံးပေးချင်တဲ့ အချိန်ရှိလား မေးရင် ရှိတာပေါ့ ! 

သူတပါးနဲ့ နှိုင်းယှဉ်မိပြီး စိတ်ဓာတ်ကျခဲ့ဖူးတဲ့ အချိန်ရှိသလို ၊ ကိုယ့်ကိုယ်ကို အားမရလို့ ဘာမှ မလုပ်ချင်တော့တဲ့အထိလည်း ဖြစ်ဖူးတယ် ။ ဒါပေမယ့် ဘုရားက ဘာပြန်ပြောသလဲ သိလား !

သူအတူရှိတယ် ၊ စိတ်ဓာတ်မကျနဲ့ ၊ သူဟာ ဒီအခြေအနေတွေကြားထဲ ကျွန်မနဲ့ အတူ ဖြတ်သန်းပေးနေတယ်တဲ့ ! 

အဲ့ဒီ အချိန်ကာလလေးဟာ ကျွန်မကို တဖန်ပြထစေခဲ့တယ် ။

ကွန်မမြင်တဲ့အတိုင်း မဟုတ်ပဲ ဘုရားသခင် ကျွန်မကို မြင်တဲ့အတိုင်း ကိုယ့်ကိုယ်ကို ကြည့်မြင်တတ်ဖို့ ဘုရား စကားပြောခဲ့တယ် ။

ဒါကြောင့် မိတ်ဆွေ ရေ ..

သင့်ရဲ့ ဘဝက သိပ်ကို တန်ဖိုးရှိလွန်းတဲ့အတွက် ၊ လှပလွန်းတဲ့ အတွက် ဘယ်တော့မှ အရှုံးပေးဖို့ မစဉ်းစားလိုက်ပါနဲ့ ! 

“တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်​တို့​ကို အ​ကျိုး​နည်း​စေ​ခြင်း​ငှာ ကြံ​စည်​သော​အ​ကြံ​မ​ဟုတ်​ဘဲ၊ သင်​တို့​သည် မျှော်​လင့်​သော​အ​ကျိုး​ကို​ရ​မည်​အ​ကြောင်း၊ ငြိမ်​ဝပ်​စေ​ခြင်း​ငှာ​သာ၊ သင်​တို့​အ​ဖို့ ကြံ​စည်​သော အ​ကြံ​တို့​ကို ငါ​သိ၏။” ‭‭ယေရမိ‬ ‭၂၉:‭၁၁

သင့်အတွက် ဘုရားက အကောင်းဆုံးသော အကြံအစည် ရှိထားပါတယ် 

ဒါကြောင့် ယုံကြည်ခြင်းနဲ့ ဘုရားသခင်နဲ့အတူ လျှောက်လှမ်းလိုက်ပါ …

“ငါ​သည်​လည်း ကပ်​က​မ္ဘာ​ကုန်​သည်​တိုင်​အောင် သင်​တို့​နှင့်​အ​တူ အ​စဉ်​မ​ပြတ် ရှိ​သည်​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ၏။  ‭‭ရှင်မဿဲ‬ ‭၂၈‬:‭၂၀‬(ခ) 

ဒါဟာ ယေရှုဘုရားကိုယ်တိုင်ပေးထားတဲ့ သင့်အတွက် ကတိတော် ဖြစ်ပါတယ် ။

သင့်အတွက် ဘုရားအကြံအစည်က အကောင်းဆုံးပါ

လဲကျမနေပါနဲ့ ။ ပြန်ထလိုက်ပါ  🤍

Nant Chit
ရေးသားသူ

ဘုရားသခင်ရဲ့ မေတ္တာတော်ကို သင့်ကိုယ်တိုင် တိုက်ရိုက် စစ်မှန်စွာ ခံစားသိရှိနိုင်စေဖို့၊ ဤသတင်းစကားကိုဖော်ပြပေးလိုက်ပါတယ်။