• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
ထုတ်ဝေသည့်ရက်စွဲ ၁၅ အောက် ၂၀၂၅

သက်သာခြင်းကို လက်ခံရယူပါ

ထုတ်ဝေသည့်ရက်စွဲ ၁၅ အောက် ၂၀၂၅

ဒီနေ့မှာတော့ ကျွန်ုပ်တို့ရဲ့ “၇ ရက်တာ အနားယူခြင်းအား ရှာဖွေခြင်း” ရဲ့ နောက်ဆုံးနေ့ရက်ကို ရောက်ရှိလာပါပြီ။ ဒီနေ့နဲ့ဆိုင်တဲ့ ကောင်းကြီးမင်္ဂလာကို လက်ခံရယူလိုက်ပါ။

သခင်ယေရှုက နှုတ်ကပတ်တော်ထဲမှာ ဒီလိုမိန့်ဆိုထားပါတယ် - 'ဝန်​လေး၍ ပင်​ပန်း​သော​သူ​အ​ပေါင်း​တို့၊ ငါ့​ထံ​သို့ လာ​ကြ​လော့။ ငါ​သည် ချမ်း​သာ​ပေး​မည်။- ငါ့​ထမ်း​ပိုး​ကို တင်၍ ထမ်း​ကြ​လော့။ ငါ့​ထံ၌ နည်း​ခံ​ကြ​လော့။ ငါ​သည် နူး​ညံ့​သိမ်​မွေ့​နှိမ့်​ချ​သော စိတ်​သ​ဘော​ရှိ၏။ သင်​တို့​စိတ်​နှ​လုံး​သည် သက်​သာ​ခြင်း​ကို ရ​လိမ့်​မည်။' ရှင်မဿဲ ၁၁:၂၈-၂၉

ဒါဟာ ကတိတော်တစ်ခုဖြစ်ပါတယ်- သင်ဟာ သက်သာခြင်းကို တွေ့ရှိမှာဖြစ်ပါတယ်။ သင့်အပေါ်မှာ ဘယ်လိုဝန်ထုပ်တွေပဲ ဖိစီးနေပါစေ၊ သင့်အတွင်းထဲမှာ ဘယ်လိုတိုက်ပွဲတွေပဲ ဖြစ်နေပါစေ... ဘုရားသခင်ဟာ ကျွန်တော်တို့ရဲ့အားနည်းခြင်းတွေကို ထမ်းရွက်ဖို့အတွက် လူ့ဇာတိကို ခံယူခဲ့ပါတယ်။ ဘုရားသခင်ကိုယ်တိုင်က လူသားတစ်ဦးဖြစ်လာခဲ့တဲ့အတွက် သူ့အနေနဲ့ မဖြေရှင်းနိုင်တဲ့ လူ့ပြဿနာဆိုတာ မရှိပါဘူး။

သက်သာခြင်းမှာ အတိုင်းအတာ သုံးမျိုးရှိပါတယ်။ အဲ့ဒီသက်သာခြင်းကို ဒီနေရာတွေမှာ ရှာတွေ့နိုင်ပါတယ်-

သင့်အထဲမှာ ရှိနေတယ် - သင့်ရဲ့စိုးရိမ်ပူပန်မှုတွေဟာ သင့်အပေါ်မှာ၊ သင့်ရဲ့ဆုံးဖြတ်ချက်တွေအပေါ်မှာ၊ ဒါမှမဟုတ် သင့်ရဲ့စိတ်သဘောထားအပေါ်မှာ လွှမ်းမိုးနိုင်တဲ့တန်ခိုး မရှိတော့ပါဘူး။ ဘာကြောင့်လဲဆိုရင် ထိုသက်သာခြင်းဟာ သင့်အထဲမှာ ရှိနေပါတယ်။

သင့်နဲ့အတူ ရှိနေတယ် - သင်ဟာ စုံလင်သူတစ်ယောက်မဟုတ်သလို အရာအားလုံးကို တစ်ယောက်တည်းနဲ့ မထမ်းထားနိုင်ပါဘူး- ဘုရားသခင်ဟာ သင့်ကို အုပ်စိုးပြီး တစ်လှမ်းချင်းစီ ဦးဆောင်လမ်းပြပေးဖို့အတွက် အသင့်ရှိနေပါတယ်။ ဒါကြောင့် သက်သာခြင်းဟာ သူနဲ့အတူ ရှိနေပါတယ်။

သင့်အတွက် ရှိနေတယ် - ကောင်းကင်ကလာတဲ့ သက်သာခြင်းကို သင်သိရှိခံစားရပြီးတဲ့အခါမှာ၊ သင်ဟာ ဆိုးဝါးတဲ့ အခြေအနေတွေကိုတောင် ထိုသက်သာခြင်းအားဖြင့် ပိုပြီးသက်သောင့်သက်သာနဲ့ လျှောက်လှမ်းသွားလာနိုင်ပါလိမ့်မယ်။ ထိုသက်သာခြင်းဟာလည်း သင့်အတွက်အမြဲရှိနေပါတယ်။

မိတ်ဆွေ၊ ဒီတစ်ပတ်လုံး ဘုရားသခင်ရဲ့ငြိမ်သက်ခြင်းအကြောင်း အတူတကွလေ့လာခဲ့ရာကနေ သင် ဘယ်အရာတွေကို သင်ခန်းစာရရှိခဲ့ပါသလဲ။ ပြီးခဲ့တဲ့ ၇ ရက်တာကာလအတွင်းမှာ ဘုရားသခင် သင့်ကိုဖွင့်ပြခဲ့တဲ့အရာအားလုံးကို ချရေးပြီး၊ ဒီစာမျက်နှာကနေတစ်ဆင့် ကျွန်ုပ်ကို ပြန်လည်မျှဝေပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ဒါကို သတိရပါ... ဘုရားသခင်ဟာ အရာအားလုံးကို ထိန်းချုပ်သော အရှင်ဖြစ်ပါတယ်။

ဘုရားသခင် သင့်ကို သာ၍ ဖွင့်ပြပါစေ။

Htun Naung Sin
ရေးသားသူ

သင့်ဘဝမှာ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေကိုပဲ ဖြတ်သန်းနေရပါစေ၊ မျှော်လင့်ခြင်းဆိုတာ အမြဲတမ်း တည်ရှိနေပါတယ်လို့ သင့်ကို အားပေးတိုက်တွန်းလိုက်ပါတယ်။