သင့်ကို ဘယ်တော့မှ ဝန်မပိစေမယ့် ထမ်းပိုး

ဒီနေ့မှာ သင့်ကို ဘယ်တော့မှ ဝန်မပိစေမယ့် ထမ်းပိုးအကြောင်း ပြောပြချင်ပါတယ်။
သခင်ယေရှုက နှုတ်ကပတ်တော်ထဲမှာ ဒီလိုပြောထားပါတယ် - 'ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။- ငါ့ထမ်းပိုးကို တင်၍ ထမ်းကြလော့။ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။- ရှင်မဿဲ ၁၁:၂၈-၂၉
“ထမ်းပိုး” ဆိုတဲ့ စကားလုံးကို ကြားလိုက်ရတဲ့အခါ သင့်စိတ်ထဲမှာ ဘာကိုမြင်ယောင်မိပါသလဲ။
လူအများစုအတွက်တော့ ဒီစကားလုံးကိုကြားလိုက်တာနဲ့ ကျွန်ဘဝရောက်ခြင်း၊ ဒါမှမဟုတ် ဘာသာရေး၊ အလုပ်အကိုင်၊ မိသားစုနဲ့ဆိုင်တဲ့ လေးလံတဲ့ဝန်ထုပ်တစ်ခုကို ထမ်းရခြင်းလို အနုတ်လက္ခဏာဆောင်တဲ့ အဓိပ္ပာယ်သက်ရောက်စေပါတယ်။
လွန်ခဲ့တဲ့နှစ်ရက်က ကျွန်တော်တို့ လေ့လာခဲ့သလိုပဲ၊ ဝန်ထုပ်ဝန်ပိုးဆိုတာ လေးလံပြီး ဖိစီးစေတဲ့အရာတစ်ခုဖြစ်ပါတယ်။
ဒါပေမဲ့ သခင်ယေရှုက လုံးဝကွဲပြားခြားနားတဲ့ အဓိပ္ပာယ်တစ်ခုကို ပေးထားပါတယ်-'အကြောင်းမူကား၊ ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်း ပေါ့၏ဟု မိန့်တော်မူ၏။' ရှင်မဿဲ ၁၁:၃၀
တကယ်တော့ သခင်ယေရှုပြောနေတဲ့ ထမ်းပိုးဆိုတာ နွားနှစ်ကောင်ကို အတူတကွ လယ်ထွန်နိုင်ဖို့အတွက် တစ်ဖက်နဲ့ တစ်ဖက် ယှဉ်တွဲချိတ်ဆက်ပေးတဲ့ ကိရိယာတစ်ခုဖြစ်ပါတယ်။
စိတ်ကူးထဲကနေ ပုံဖော်ပြီး မြင်ယောင်ကြည့်ပါ- သင်ဟာ သခင်ယေရှုနဲ့အတူ ချိတ်ဆက်ထားပြီး၊ အတူတကွ ယှဉ်တွဲထားတယ်ဆိုတာကိုပေါ့။ သင်ထမ်းနေရတဲ့ဝန်ကို ဘေးကနေ အတူတကွ ကူညီပြီး ထမ်းပေးနေသောသူဟာ တခြားသူမဟုတ်ပါဘူး။ အရာခပ်သိမ်းကို တတ်စွမ်းနိုင်တဲ့ သခင်ယေရှုခရစ်တော်ကိုယ်တိုင်ပဲဖြစ်ပါတယ်။ ထိုသူဟာ သင့်ကို ရှေ့ဆက်သွားနိုင်ဖို့ ဆွဲခေါ်ပေးနေသူ၊ သင့်ကို တိုးတက်စေဖို့ ကူညီပေးနေသောသူ ဖြစ်ပါတယ်။
သခင်ယေရှုရဲ့ ထမ်းပိုးဟာ ငါးတစ်ကောင်ရဲ့ ရေယက်တောင်တွေနဲ့လည်း တူပါတယ်။ ကျွန်ုပ်တို့ကို ရှေ့ဆက်တိုးနိုင်အောင် စွမ်းဆောင်ပေးတဲ့အရာ ဖြစ်ပါတယ်။ လောကရဲ့ထမ်းပိုးက သင့်ကို နောက်ပြန်ဆွဲပေမယ့်၊ သခင်ယေရှုရဲ့ထမ်းပိုးကတော့ သင်စိတ်ကူးထားတာထက် သာ၍ ပိုဝေးတဲ့အရှေ့ကို ရောက်အောင် ခေါ်ဆောင်သွားနိုင်ပါတယ်။
သခင်ယေရှု သင့်နဲ့အတူရှိနေတဲ့အခါ၊ သင်ထမ်းထားရတဲ့အရာကပင်လျှင် ပေါ့ပါးစေရုံမျှမက သင့်ကိုပြန်လည်ထောက်မပေးနေပါလိမ့်မယ်။
သင်ဟာ စစ်မှန်သော ကောင်းကြီးမင်္ဂလာဖြစ်ပါတယ်။
