သင်ပင်ပန်းနေပြီလား?

ပင်ပန်းနွမ်းနယ်ခြင်းအတွက် ကုစားနည်းရှိပါတယ်...
ဒီနေ့မှာတော့ ကျွန်တော်တို့ "၇ ရက်တာ အနားယူခြင်းအား ရှာဖွေခြင်း" ဆိုတဲ့ ခေါင်းစဉ်စီးရီးအသစ်ကို အစပြုမှာဖြစ်ပါတယ်။ သခင်ယေရှုက သူ့ဆီလာရင် စစ်မှန်သော ချမ်းသာခြင်းကို ရှာတွေ့မယ်လို့ ကတိပေးထားပါတယ်။ အဲ့ချမ်းသာခြင်းက လောကီစည်းစိမ်ချမ်းသာခြင်းကို ရည်ညွှန်းနေခြင်းမဟုတ်ဘဲ အနားယူခြင်းကို ရည်ညွှန်းနေခြင်းဖြစ်ပါတယ်။ ဒီမက်ဆေ့ချ်တွေရဲ့ ရည်ရွယ်ချက်က သင်ခံစားနေရတဲ့ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် စိတ်ခံစားမှုပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုတွေအတွက် စစ်မှန်တဲ့အနားယူခြင်းကို ရှာဖွေနိုင်ဖို့ရန် ကူညီပေးဖို့ပဲ ဖြစ်ပါတယ်။
ယေရှုက နှုတ်ကပတ်တော်ထဲမှာ ပြောခဲ့တာက "ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။- ငါ့ထမ်းပိုးကို တင်၍ ထမ်းကြလော့။ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။" ရှင်မဿဲ 11:28-29
ပင်ပန်းနွမ်းနယ်ခြင်းအတွက် ကုစားနည်းတစ်ခုရှိပြီး ဒီကုစားနည်းက ဘယ်တော့မှ ပင်ပန်းနွမ်းနယ်ခြင်းမရှိတဲ့ တစ်ပါးတည်းသော ဘုရားသခင်ထံမှာ ရှိပါတယ်။
မဿဲ ၁၁ မှာပါတဲ့ ယေရှုရဲ့စကားတွေဟာ သင်ရှိနေတဲ့အတိုင်း လာဖို့ ဖိတ်ခေါ်ခြင်းဖြစ်ပါတယ်။ ဘုရားသခင်နဲ့ နီးကပ်စွာ အနားယူခြင်းကို ရရှိဖို့ ဖိတ်ခေါ်ခြင်းဖြစ်ပါတယ်။
နှုတ်ကပတ်တော်က ဘာပြောထားလဲဆိုရင် "ထာဝရဘုရားသည် အစဉ်အမြဲတည်တော်မူသော ဘုရားသခင် ဖြစ်ကြောင်းကိုလည်းကောင်း၊ မြေကြီးစွန်းတိုင်အောင် ဖန်ဆင်းတော်မူသော အရှင်ဖြစ်ကြောင်းကိုလည်းကောင်း၊ မောတော်မူခြင်း၊ ပင်ပန်းတော်မူခြင်းမရှိ၊ စစ်၍ မကုန်နိုင်သောဥာဏ်နှင့် ပြည့်စုံတော်မူကြောင်းကိုလည်းကောင်း၊ သင်သည် မသိမကြားဖူးသလော။ ထိုဘုရားသည် မောသောသူတို့အား၊ ခွန်အားကိုပေးတော်မူ၏။ နွမ်းနယ်သောသူတို့အား၊ အစွမ်းသတ္တိနှင့် ပြည့်စုံသောအခွင့်ကို ပေးတော်မူ၏။"ဟေရှာယ 40:28-29
မှန်ပါတယ်၊ ဘုရားသခင်ဟာ ခပ်သိမ်းသောအရာကို တတ်စွမ်းပြီး ကြီးမြတ်တဲ့ ဘုရားသခင်ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားသခင်ထံမှာ သင်လိုအပ်သမျှကို ရှာတွေ့နိုင်ပါတယ်။ ဘုရားသခင်ဖြေရှင်းပေးနိုင်ခြင်းမရှိတဲ့ စိုးရိမ်ပူပန်မှုဆိုတာ တစ်ခုမွ မရှိပါဘူး။ သင့်ရဲ့ပင်ပန်းနွမ်းနယ်မှုတွေကို ဘုရားလက်ထဲ စိတ်ချစွာ အပ်နှံလိုက်ပါ။ ပြီးတော့ ဘုရားသခင်ရဲ့ ကောင်းမြတ်ခြင်း၊ စိတ်ရှည်ခြင်း၊ ခွန်အားနဲ့ ကောင်းကြီးမင်္ဂလာအားလုံးကို လက််ခံရယူလိုက်ပါ။
ဒီနေ့ ကျွန်တော်သင့်ကို တစ်ခုလုပ်ဖို့ နှိုးဆော်ပါရစေ။ သင့်ကို ပင်ပန်းနွမ်းနယ်စေတဲ့ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် စိတ်ခံစားမှုပိုင်းဆိုင်ရာ အရာအားလုံးကို ချရေးလိုက်ပါ။ ပြီးရင် အဲဒီအရာတွေရဲ့ ဘေးမှာ ဒီပင်ပန်းနွမ်းနယ်မှုတွေကို ပျောက်ကင်းစေအောင် သင့်ကို ကူညီနိုင်တဲ့ ဘုရားသခင်ပေးမယ့်အရာအားလုံးကို ရေးချလိုက်ပါ။ ဒီနေ့ ဘုရားသခင်ထံကနေ အသစ်သော ခွန်အားကို ကြိုဆိုပြီး သင်အတွက် ဘုရားသခင်ပြင်ဆင်ပေးထားတဲ့ အလျှံပယ်သော အရင်းအမြစ်များကို ဘုရားသခင် သင့်ထဲသို့ ယခုပင် လောင်းသွင်းပါစေ။
ရေ၊ သင်ဟာ ကြီးမားသော ကောင်းကြီးမင်္ဂလာတစ်ခုဖြစ်ပါတယ်။ ဘုရားသခင်းသင့်ကို သိပ်ချစ်တယ်။
