သင့်ကို ခွင့်လွှတ်တယ် !

ဒီတစ်ပတ်တာမှာ ကျွန်မတို့အတူတူ အပြစ်ရှိတဲ့စိတ်ကို ငြင်းဆိုပြီး ဘုရားနဲ့ ပိုပြီးရင်းနီးကျွမ်းဝင်ဖို့ လေ့လာခဲ့ကြပါတယ်။
ဒါပေမယ့် အဲ့ဒီခံစားချက်က ပြန်ပြန်လာတတ်ပါတယ် …
ဒါကြောင့် ဒီနေ့မှာ ဘုရားသခင်က သင့်ကိုဘယ်လောက်အထိ ခွင့်လွှတ်ခဲ့ပြီးပြီလဲ ?
ဘုရားသခင်ရဲ့ နှုတ်ကပါတ်တော်ကရော သင့်ကို ဘယ်လို ပြောထားသလဲဆိုတာကို လေ့လာမှာဖြစ်ပါတယ် ။
မေးခွန်းတစ်ခုမေးချင်တယ် ..
သင့်အပြစ်တွေအားလုံးကို ယခုပင်လျှင် ခွင့်လွှတ်ခံရပြီးပြီ လို့ လက်ခံယုံကြည်ပါသလား?
ကျမ်းစာက ဒီလိုဖော်ပြပါတယ်
“ငါတစ်ပါးတည်းသာလျှင် ကိုယ်အတွက်ကြောင့်၊ သင်၏အပြစ်တို့ကို ဖြေမည်။ သင်၏ဒုစရိုက်အမှုတို့ကို မအောက်မေ့။” ဟေရှာယ ၄၃:၂၅
ဘုရားသခင်က သင့်အပြစ်တွေကိုဖြေလွှတ်ပြီးရင် ပြန်ပြီးမအောက်မေ့တော့ပါဘူး ။ လူတွေသာ ခွင့်လွှတ်ပေးပြီးလို့ ကြုံကြိုက်ရင် အောက်မေ့ကောင်းအောက်မေ့နိုင်ပါတယ် ။ သို့သော် ဘုရားသခင်ကတော့ သစ္စာနှင့်ပြည့်စုံသော ဘုရားရှင်ဖြစ်ပါတယ် ။
ဘုရားသခင်က “ ငါ တစ်နေ့ ခွင့်လွှတ်ကောင်း ခွင့်လွှတ်ပေးနိုင်မယ်" လို့ မပြောထားဘူး ။
မိတ်ဆွေ ရေ .. သင့်အပြစ်တွေကို ဘုရားက ဖြေဖျောက်လိုက်ပြီဖြစ်ပါတယ် …
တချို့ကတော့ ဒီလို ခွင့်လွှတ်ပေးခဲ့ပြီဆိုတာ ဖြစ်နိုင်ပါ့မလားလို့ တွေးထင်ကြလိမ့်မယ် ။ သို့သော် နှုတ်ကပါတ်တော်ကတော့ သေချာပေါက် ဖြေဖျောက်ခဲ့ပြီးပြီ ၊ အပြစ်တွေကို မအောက်မေ့ဘူးလို့ ပြောခဲ့ပါတယ် ။
ကျွန်မတို့ရဲ့ နှလုံးသားက အဲ့ဒီ အာမခံချက်နဲ့ သေချာမှုကို လိုအပ်တယ်ဆိုတာ ဘုရားသခင်က ကောင်းကောင်းသိပါတယ် ။
ဒါကြောင့်ခွင့်လွတ်တယ်ဆိုတဲ့ ကတိတော်ကို ပေးခဲ့တာပေါ့ ။
ယေရှုခရစ်တော်က ကျွန်မတို့အပြစ်တွေကိုယ်စား အသေခံပေးခဲ့တယ် ။ ၃ ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်ခဲ့တယ် ။ ယေရှုခရစ်တော်ရဲ့ အသေခံခြင်းအားဖြင့် မနေ့ ၊ ယနေ့ ၊ နောင်ကာလမှာရှိတဲ့ ကျွန်မတို့ရဲ့ အပြစ်ရှိသမျှဟာ ခွင့်လွှတ်ခြင်း ခံရပြီ ၊ စင်ကြယ်သွားပြီ ဖြစ်ကြောင်း ယုံကြည်နေသရွေ့ ထိုကတိတော်က သင့်အတွက် အာမခံချက်အဖြစ် နေ့တိုင်းမှာ အတူရှိနေမှာပါ ….
ယေရှုခရစ်တော်က သင့်အတွက် လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက အပြစ်တွေကို ပေးချေခဲ့ပြီးဖြစ်ပါတယ် ။ ဒီအာမခံချက်က ထာဝရကာလအထိ ဖြစ်ပါတယ် မိတ်ဆွေ ရေ …
အတူတကွ ဆုတောင်းပြီး ဘုရားသခင်ရဲ့ ခွင့်လွှတ်ခြင်းကို လက်ခံကြိုဆိုရအောင် !
“အဖဘုရားရှင် … ကိုယ်တော်၏ဝိညာဉ်တော်ဖြင့် ကျွန်ုပ်၏ နှလုံးသားကို စစ်ဆေးလျက် လမ်းပြတော်မူပါ …
ကျွန်ုပ်၏ အပြစ်ရှိသမျှကို ယေရှုဘုရား .. ကိုယ်တော်၏ အသွေးနဲ့ ဆေးကြော ဆေးကြောပေးခဲ့လို့ ကျေးဇူးတင်ပါတယ် …
ကိုယ်တော်နှစ်သက်ဖွယ်သော အသက်တာအဖြစ် အသက်ရှင်နိုင်ဖို့ ယခုမှစ၍ လမ်းပြတော်မူပါ …
ကိုယ်တော်နဲ့ သာ၍ ရင်းနီးကျွမ်းဝင်ခြင်းရှိဖို့ ဆွဲခေါ်ပေးတော်မူပါ …
အသက်တာကို ကိုယ်တော်၏ လက်တော်၌ ပေးအပ်တဲ့အခါ ယေရှုခရစ်တော်ဘုရား၏ နာမတော်၌ ဆုတောင်းလျက်ပေးအပ်ပါ၏ …
အာမင် !”
ဘုရားသခင်က သင့်ကို အငြိုးမထားပဲ အမြဲ ခွင့်လွှတ်နေပါတယ် 🤍
