• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
ထုတ်ဝေသည့်ရက်စွဲ ၀၅ အောက် ၂၀၂၅

ယေရှုခရစ်တော်က ညံ့ဖျင်းတဲ့ ကော်ကို မသုံးဘူး !

ထုတ်ဝေသည့်ရက်စွဲ ၀၅ အောက် ၂၀၂၅

ဒါက ဘာကိုပြောနေခြင်းဖြစ်မလဲ ?

မိတ်ဆွေ ရေ၊ အလုပ်လုပ်ရာမှာ တစုံတခုကို ကော်နဲ့ ကပ်ဖို့လိုတယ်ဆိုရင် မကောင်းတဲ့ ကော်ကို ဘယ်သူကအသုံးပြုပါ့မလဲ? 

ဥပမာ - ဖိနပ်ကွာနေလို့ ဆိုင်ကနေ ပေးလိုက်တဲ့ အကောင်းဆုံးဆိုတဲ့ Glue နဲ့တော့ ကပ်လိုက်တာပဲ ။ ဒါပေမယ့် နောက်နေ့ကျ ပြန်ကွာသွားတယ်ဆိုပါစို့ !

ညံ့ဖျင်းတဲ့ကော်တွေက ကျွန်မတို့ရဲ့ အလုပ်ကိုမပြီးမြောက်နိုင်စေသလို ထိုနေရာကိုပဲ ထပ်ခါထပ်ခါ ကပ်ဖို့ ပြင်ဆင်နေရမှာပဲ 

ဒီအရာလေးကိုကြည့်ခြင်းအားဖြင့် ယေရှုခရစ်တော်က ကျွန်မတို့ အမှားတွေကို ပြင်ဆင်တဲ့အခါ ညံ့ဖျင်းတဲ့ နည်းလမ်းတွေ မသုံးဘူးဆိုတာ သတိရစေပါတယ်။ သူက လူတစ်ယောက်ကို ပြုပြင်တဲ့အခါ တစ်ဝက်တစ်ပျက် မပြင်ပါဘူး...ကျွန်မတို့ အမှားတွေကို တစ်ရက်တည်းအတွက် ဖြေဖျောက်ပေးတာမဟုတ်ပါဘူး...  

ယေရှုခရစ်တော်ပြုပြင်တဲ့အခါ ထိုအရာက ခိုင်မြဲခြင်းရှိပါတယ်။ ယေရှုက အရာခပ်သိမ်းကို ပြည့်စုံစွာ ပြုပြင်ပြောင်းလဲပေးတယ် ။ ဟောင်းသောအရာတွေ အားလုံးက အသစ်ပြုပြင်ခြင်းကို ခံရပါတယ်။ (မာကု ၂:၂၁-၂၂  ကို ဖတ်ရှုကြည့်ပါ ) 

ဒီကျမ်းပိုဒ်အားဖြင့် ဘုရားသခင်ဟာ အရာခပ်သိမ်းကို အသစ်ပြန်လည်ပြုပြင်ပြီး ထိုအရာကလည်း ယုံကြည်စိတ်ချမှုရှိစရာဖြစ်တယ်ဆိုတာ မြင်နိုင်ပါတယ်။ 

“လူ​မည်​သည်​ကား၊ ခ​ရစ်​တော်၌​ရှိ​လျှင် အ​သစ်​ပြု​ပြင်​သော​သ​တ္တ​ဝါ ဖြစ်၏။ ဟောင်း​သော​အ​ရာ​တို့​သည် ပြောင်း​လဲ၍ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် အ​သစ်​ဖြစ်​ကြ​ပြီ။-” ၂ ကောရိန္သု‬ ‭၅‬:‭၁၇

မိတ်ဆွေ ရေ၊ ဒီကျမ်းချက်ကို ကျွန်မနဲ့ အတူတူ ဒီနေ့မှာ ယခုလို ကြွေးကြော်ကြရအောင် ! 

“ထို့ကြောင့် မိတ်ဆွေ မည်​သည်​ကား၊ ခ​ရစ်​တော်၌​ရှိ​လျှင် အ​သစ်​ပြု​ပြင်​သော​သ​တ္တ​ဝါ ဖြစ်၏။ ဟောင်း​သော​အ​ရာ​တို့​သည် ပြောင်း​လဲ၍ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် အ​သစ်​ဖြစ်​ကြ​ပြီ။-”

ဘုရား သင့်ကို ချစ်တဲ့ မေတ္တာက အံ့ဩစရာမကောင်းဘူးလား ?

သင့်အထဲမှာ ရှိသမျှ အရာခပ်သိမ်းက အသစ်ဖြစ်သွားပြီ မိတ်ဆွေ ရေ …

ယေရှုနဲ့ မတွေ့ခင်က ရှိခဲ့တဲ့ သင့်ရဲ့ အတိတ်တွေက အခုတော့ အရေးမကြီးတော့ပါဘူး 

ယေရှုနဲ့သာဆိုရင် အရာအားလုံးက ကောင်းမွန်တယ် ၊ အသစ်ဖြစ်တယ် ၊ ကြံ့ခိုင်တယ် ၊ ခိုင်ခံ့နေပါတယ် ။ 

သင်ကိုးကွယ်တဲ့ဘုရားက ဘယ်တော့မှ ကျရှုံးတဲ့ဘုရားမဟုတ်သလို သင့်ကိုလည်း ဘယ်တော့မှ လက်မလျှော့ပါဘူး ။ 

သင်က စုံလင်ပြည့်စုံတဲ့ ခရစ်တော်၌ အသစ်ပြုပြင်ခြင်းကို ခံရသောသူ ဖြစ်ပါတယ် 🤍

Nant Chit
ရေးသားသူ

ဘုရားသခင်ရဲ့ မေတ္တာတော်ကို သင့်ကိုယ်တိုင် တိုက်ရိုက် စစ်မှန်စွာ ခံစားသိရှိနိုင်စေဖို့၊ ဤသတင်းစကားကိုဖော်ပြပေးလိုက်ပါတယ်။