• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
ထုတ်ဝေသည့်ရက်စွဲ ၀၄ အောက် ၂၀၂၅

အပြစ်ရှိနေတဲ့ ခံစားချက်ကို ငြင်းဆိုပါ

ထုတ်ဝေသည့်ရက်စွဲ ၀၄ အောက် ၂၀၂၅

ကျွန်မငယ်ငယ်တုန်းက အဆူခံရမှာ ကြောက်ခဲ့ရတဲ့နေ့တွေကိုပြန်ပြီးမှတ်မိသေးတယ်

အဲ့လို ကြုံတွေ့ခဲ့ဖူးလား ? တစုံတခုကို မှားလုပ်လိုက်ပြီး အဖေအမေ တွေက ပြန်သိသွားတဲ့အခါ သူတို့ ဒေါသ ထွက်လာကြတယ် ။ အဲ့အချိန်မှာ အတွင်းစိတ်ထဲ မှာ ကြောက်ရွံ့တုန်လှုပ်မှု တွေနဲ့ ရင်ဆိုင်ခဲ့ရတယ် ။ အဲ့ဒီအပြင် အပြစ်ရှိတဲ့ စိတ်ကလည်း တပါတည်း တွဲပြီးပါလာတယ် ।

• တစ်ခုခုမှားလုပ်မိပြီး မိဘတွေသိသွားတဲ့အခါ

• အပြစ်ဒဏ်ခံရမယ့်အကြောင်း တွေးရုံနဲ့ စိတ်တုန်လှုပ်ခဲ့ရတဲ့အခါ

• "ဒါမလုပ်သင့်ဘူး .. ကြိုတွေးခဲ့သင့်တာ..." စသဖြင့် အပြစ်ရှိတဲ့ ခံစားချက်မျိုးတွေပေါ့ !

အရွယ်ရောက်လာတဲ့အခါမှာလည်း ဒီလို ကြောက်ရွံ့ရတဲ့ ခံစားချက်တွေ ၊ အမှားတစ်ခုလုပ်မိတိုင်း ရှက်ရွံ့ရတဲ့ ခံစားချက်တွေ ဆက်ပြီးပါလာတတ်ပါတယ်။

ခရစ်ယာန်တစ်ယောက်အနေနဲ့ သင့်ကောင်းကင်ဖခင်အပေါ် ဒီလိုခံစားချက်တွေ ဖြစ်ခဲ့ဖူးလား?

ကျမ်းစာက ဘုရားသခ निरင်သနားစုံမက်တတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘော၊ သည်ခံတတ်သောသဘော၊ ကရုဏာနှင့် သစ္စာ ကြွယ်ဝသောသဘောနှင့် ပြည့်စုံသောဘုရား ဖြစ်တော်မူ၏။”

‭‭ဆာလံ‬ ‭86‬:‭15‬ ‭JBMLE‬‬

https://bible.com/bible/386/psa.86.15.JBMLE

လို့ အခိုင်အမာပြောထားတယ် ။

ရေ၊

ယေရှုခရစ်တော်က ကားတိုင်ပေါ်မှာ သင့်အပြစ်အားလုံးကို သယ်ဆောင်သွားပြီး

ဘုရားသခင်၏ အမျက်တော်ကို ကိုယ်စားခံယူပေးခဲ့ပါတယ်…

ဒါကို သတိရပါ …

“ကိုယ်အပြစ်တို့ကို ဖော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှာ ဘုရားသခင်သည် သစ္စာတရားနှင့်လည်းကောင်း၊ ဖြောင့်မတ်ခြင်းတရားနှင့်လည်းကောင်း ပြည့်စုံတော်မူ၏။-”

‭‭၁ ရှင်ယောဟန်း‬ ‭1‬:‭9‬ ‭JBMLE‬‬

https://bible.com/bible/386/1jn.1.9.JBMLE

ယေရှုခရစ်တော်က အပြစ်ကြောင့် ကျွန်မတို့ ရရှိခဲ့တဲ့ ဘုရားသခင်ရဲ့ အမျက်တော် အားလုံးကို သူ့အပေါ်မှာ ယူဆောင်ခဲ့ပြီး ဖြစ်တဲ့အတွက် ကျွန်မတို့ခံယူစရာမလိုတော့ပါဘူး …

ဒါကြောင့်...ကြောက်ရွံ့ခြင်းကို ရပ်တန့်ပါ ။ အပြစ်ရှိသလို ခံစားနေခြင်းကို ရပ်တန့်ပါ!

“သို့ဖြစ်၍ ယခုတွင် အသွေးတော်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ပြီးမှ၊ ထိုသခင်အားဖြင့် အပြစ်ငရဲမှ ကယ်ချွတ်တော်မူခြင်းသို့ ရောက်မည်ဟုသာ၍ မျှော်လင့်စရာရှိ၏။-”

‭‭ရောမ‬ ‭5‬:‭9‬ ‭JBMLE‬‬

https://bible.com/bible/386/rom.5.9.JBMLE

လူသားတွေဟာ မှားယွင်းသော်လည်း ဘုရားသခင်သည် ခွင့်လွှတ်ခြင်းကျေးဇူးတော်နှင့် ပြည့်စုံပါတယ် …

ရေ …

ဘုရားက သင့်ကို သနားခြင်းကရုဏာ နဲ့ နေ့ရက်တိုင်းမှာ ကြိုဆိုနေပါတယ်နော် …

သင့်အတွက် ဘုရားသခင် ကျေးဇူးပြုနေပါတယ် 🤍

Nant Chit
ရေးသားသူ

ဘုရားသခင်ရဲ့ မေတ္တာတော်ကို သင့်ကိုယ်တိုင် တိုက်ရိုက် စစ်မှန်စွာ ခံစားသိရှိနိုင်စေဖို့၊ ဤသတင်းစကားကိုဖော်ပြပေးလိုက်ပါတယ်။