• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
ထုတ်ဝေသည့်ရက်စွဲ ၀၃ အောက် ၂၀၂၅

သင့်အမှားတွေက သင့်ကို ရှေ့သို့တွန်းပို့ပေးနိုင်တယ်ဆိုရင် ?

ထုတ်ဝေသည့်ရက်စွဲ ၀၃ အောက် ၂၀၂၅

ရေ …သင်အမှားလုပ်မိတိုင်း သင့်ကိုယ်သင် ဘယ်လိုတုံ့ပြန်မိသလဲ ?

ဥပမာ -

  • လူတစုံတယောက်ကို Email မှားပို့မိတဲ့အခါ

  • ကလေးတွေကို ဒေါသထွက်မိတဲ့အခါ

  • အရေးကြီးတဲ့ Bill တွေ အချိန်မှီပေးဖို့ မေ့လျော့နေခဲ့တဲ့အခါ

  • တစုံတယောက်ကို သေချာ ဂုဏ်ပြုဖို့ မေ့လျော့နေခဲ့တဲ့အခါ သင်ဘယ်လိုခံစားရသလဲ ?

များသောအားဖြင့် ကျွန်မတို့က အမှားတွေကို အပြစ်ကြီးသလို ခံစားရတတ်ပါတယ် ။ ဒါပေမယ့်... သင်သိလား?

သင့်အမှားတွေက အဖိုးတန်တဲ့ သင်ခန်းစာတွေပဲ ။ ပိုကောင်းဖို့အတြက္ သင်ယူလုပ်ဆောင်ဖို့ ဖြစ်တယ် ။

လူတစ်ဦး ပြောခဲ့သလိုပဲ “အမှားလုပ်မိတယ်ဆိုတာ ပိုပြီးမြန်မြန် သင်ယူနေတာပါ “ ။

ဒီနေ့ ...

သင့်အမှားတွေကို ဒီလိုမြင်ကြည့်လိုက် !

✔ ပိုမိုမြန်ဆန်စွာ သင်ယူနိုင်မယ့် ခြေလှမ်းသစ်

✔ ပိုကောင်းအောင် လုပ်နိုင်မယ့် အခွင့်အလမ်း ဆိုပြီး!

သင့်ရဲ့ အမှားကြောင့် တစ်သက်လုံး အပြစ်ရှိတဲ့ စိတ်နဲ့ ဓားနဲ့ စီရင်ခြင်းကို ခံရသလို အမြဲတမ်းရှက်ကြောက်တဲ့စိတ်ကြီး ရှိမနေပါနဲ့ ။

ကျမ်းစာက ဒီလိုပြောထားတယ် …

“ဘု​ရား​သ​ခင် ကယ်​လွှတ်​တော်​မူ​သော​ကြောင့် ယေ​ရှု​ခ​ရစ်၌​တည်၍၊ ဇာ​တိ​ပ​က​တိ​အ​တိုင်း​မ​ကျင့်၊ ဝိ​ညာဉ်​ပ​က​တိ​အ​တိုင်း ကျင့်​သော​သူ​တို့​သည် အ​ပြစ်​စီ​ရင်​ခြင်း​နှင့် လွတ်​ကြ၏။-”

‭‭ရောမ‬ ‭8‬:‭1‬ ‭JBMLE‬‬

https://bible.com/bible/386/rom.8.1.JBMLE

သင့်ကို ဒီထက်ပိုပြီး အပြစ်တင်စရာ ၊ စွပ်စွဲစရာ မရှိတော့ပါဘူး ရေ ။

သင့်အမှားတွေက သင့်ကို အရှက်ရစေဖို့ ၊ ဝေဖန် အပြစ်တင်ဖို့ မဟုတ်တော့ပဲ ပိုပီး လျင်လျင်မြန်မြန်နဲ့ သင်ယူဖို့အတွက် ဖြစ်ပေါ်လာတာပါ …

ဒါကြောင့် သင်ခေါင်းကိုမော့လိုက်ပါ ။ ဘုရားသခင့်ရဲ့ ကျေးဇူးတော်နဲ့ ခွင့်လွှတ်ခြင်း ကို လက်ခံပါ။ အပြစ္တင် စွပ်စွဲခြင်းတွေကို ဒီထက်ပိုပြီး လက်မခံနဲ့ပါတော့ !

သင်ဟာ အပြစ္တင်ခြင်းကို မခံရတော့ပါဘူး 🤍

Nant Chit
ရေးသားသူ

ဘုရားသခင်ရဲ့ မေတ္တာတော်ကို သင့်ကိုယ်တိုင် တိုက်ရိုက် စစ်မှန်စွာ ခံစားသိရှိနိုင်စေဖို့၊ ဤသတင်းစကားကိုဖော်ပြပေးလိုက်ပါတယ်။