• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
ထုတ်ဝေသည့်ရက်စွဲ ၀၂ အောက် ၂၀၂၅

အပြစ်ရှိသလိုခံစားနေရသလား? မလိုအပ်ပါဘူး …

ထုတ်ဝေသည့်ရက်စွဲ ၀၂ အောက် ၂၀၂၅

ဒီစကားလုံးတွေက သင်နဲ့ရင်းနီးကောင်း ရင်းနီးနေလိမ့်မယ် .. 

  • “ငါဒီနေ့ဘုရားနဲ့ လုံလောက်တဲ့အချိန် မယူရသ ještě..”

  • “ငါ ပိုပြီး ကျမ်းစာဖတ်သင့်တာ ..”

  • “ငါ ဘုရားအတွက် ဒီထက်ပို လုပ်ချင်တယ် ..”

ဘုရားသခင်က သင့်ဆီက ရယူချင်နေတဲ့ ဘုရားမဟုတ်ပါဘူး ..

ပိုပြီး ကောင်းကောင်း ကျင့်ဖို့ ၊ ကောင်းကောင်း ဆုတောင်းဖို့နဲ့ ဒါကို / ဒီအရာကို ပိုပြီး လုပ်ဆိုပြီး အမိန့်ပေးတတ်တဲ့ ဘုရားမဟုတ်ပါဘူး ။ မှန်တာပေါ့ ဒီအရာတွေလုပ်နိုင်ရင်တော့ သင်ဘုရားကို ပိုသိပြီး သူနဲ့ ပိုရင်းနီး လာမှာပဲ ။ 

ဒါပေမယ့် တစုံတခုကို ဘုရားကသင့်ကို လုပ်ခိုင်းတယ်ဆိုတာထက် သင့်ကိုပဲ ဘုရားက လိုချင်တယ် ။ စာရေးဆရာ C.S.Lewis က တော့ “ဘုရားသခင်က သင့်ဆီက တစုံတခု လုပ်ဖို့ ဆိုတာထက် သင့်ကို ပဲ လိုချင်တာပါ “ လို့ရေးထားတယ် ။ 

တစုံတခုကို လုပ်ရမယ်ဆိုတဲ့ အတွေးက အပြစ်ရှိစေတဲ့ ခံစားချက်ကို အကျည်းတန်စွာ ဖြစ်ပေါ်စေတယ် ။ ဘုရားကတော့ သင့်ကို အဲ့လို ပြစ်တင်ဝေဖန်ခြင်းမျိုး မပြုပါဘူး ။ သူကသင့်ကို လွတ်လပ်ပေါ့ပါးစေလိုတယ် ။ သင့်ရဲ့ မလုပ်နိုင်ခြင်းအပေါ် အားမလိုအားမရ ဖြစ်ပြီး အပြစ်ရှိသလို ခံစားစေလိုတာ မဟုတ်ဘူး ! ဘာကြောင့်လဲ ? ဘုရားက အရာအားလုံးထက် သင့်ရဲ့ နှလုံးသားကို ရှာနေလို့ ဖြစ်တယ် ။ 

ဘုရားက သင်နဲ့ တိုက်ရိုက် ချိတ်ဆက်ပြီး အပေါ်ယံမဟုတ်တဲ့ ရင်းနီးကျွမ်းဝင်မှုကို လိုချင်တာဖြစ်တယ် ။ 

“ငါ့​သား၊ သင့်​နှ​လုံး​ကို ငါ့​အား​ပေး​လော့။ သင့်​မျက်​စိ​တို့​သည် ငါ​သွား​သော​လမ်း​ကို ကြည့်​မှတ်​ပါ​စေ။”

‭‭သုတ်တံ‬ ‭23‬:‭26‬ ‭JBMLE‬‬

https://bible.com/bible/386/pro.23.26.JBMLE

  

Michael W. Smith.ရဲ့   “This is my desire” ဆိုတဲ့ သီချင်းလေးနားထောင်ပြီး ငါတို့ နှလုံးသားအပြည့်နဲ့ ဘုရားသခင်ကို အတူတကွ ကိုးကွယ်ကြရေအောင် ! https://youtu.be/imGO5KUEZo4

Lord I give You my heartI give You my soulI live for You aloneEvery breath that I takeEvery moment I'm awakeLord have Your way in me

ဘုရားရဲ့အမြင်မှာတော့ သင်ဘာလုပ်သလဲဆိုတာထက် သင်ဘယ်သူဖြစ်ထာဆိုတာကို ပိုပြီး တန်ဖိုးထားပါတယ် ။

သင်ဟာ ဘုရားသခင်ကို နှလုံးသားအပြည့်နဲ့ ကိုးကွယ်သောသူ ဖြစ်တယ် 🤍

Nant Chit
ရေးသားသူ

ဘုရားသခင်ရဲ့ မေတ္တာတော်ကို သင့်ကိုယ်တိုင် တိုက်ရိုက် စစ်မှန်စွာ ခံစားသိရှိနိုင်စေဖို့၊ ဤသတင်းစကားကိုဖော်ပြပေးလိုက်ပါတယ်။