• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
ထုတ်ဝေသည့်ရက်စွဲ ၃၀ စက် ၂၀၂၅

ယေရှုခရစ်တော်က ညံ့ဖျင်းတဲ့ ကော်ကို မသုံးဘူး !

ထုတ်ဝေသည့်ရက်စွဲ ၃၀ စက် ၂၀၂၅

ဒါက ဘာကိုပြောနေခြင်းဖြစ်မလဲ ?

ရေ၊ အလုပ်လုပ်ရာမှာ တစုံတခုကို ကော်နဲ့ ကပ်ဖို့လိုတယ်ဆိုရင် မကောင်းတဲ့ ကော်ကို ဘယ်သူကအသုံးပြုပါ့မလဲ ?

ဥပမာ - ဖိနပ်ကွာနေလို့ ဆိုင်ကနေ ပေးလိုက်တဲ့ အကောင်းဆုံးဆိုတဲ့ Glue နဲ့တော့ ကပ်လိုက်တာပဲ ။ ဒါပေမယ့် နောက်နေ့ကျ ပြန်ကွာသွားတယ်ဆိုပါစို့ !

ညံ့ဖျင်းတဲ့ကော်တွေက ကျွန်မတို့ရဲ့ အလုပ်ကိုမပြီးမြောက်နိုင်စေသလို ထိုနေရာကိုပဲ ထပ်ခါထပ်ခါ ကပ်ဖို့ ပြင်ဆင်နေရမှာပဲ

ဒီအရာလေးကိုကြည့်ခြင်းအားဖြင့် ယေရှုခရစ်တော်က ကျွန်မတို့ အမှားတွေကို "ပြင်ဆင်တဲ့" အခါ ညံ့ဖျင်းတဲ့ နည်းလမ်းတွေ မသုံးဘူးဆိုတာ သတိရစေပါတယ်။ သူက လူတစ်ယောက်ကို ပြုပြင်တဲ့အခါ တစ်ဝက်တစ်ပျက် မပြင်ပါဘူး...ကျွန်မတို့ အမှားတွေကို တစ်ရက်တည်းအတွက် ဖြေဖျောက်ပေးတာမဟုတ်ပါဘူး...

ယေရှုခရစ်တော်ပြုပြင်တဲ့အခါ ထိုအရာက ခိုင်မြဲခြင်းရှိပါတယ် ။ ယေရှုက အရာခပ်သိမ်းကို ပြည့်စုံစွာ ပြုပြင်ပြောင်းလဲပေးတယ် ။ ဟောင်းသောအရာတွေ အားလုံးက အသစ်ပြုပြင်ခြင်းကို ခံရပါတယ် ။ (မာကု ၂:၂၁-၂၂ ကို ဖတ်ရှုကြည့်ပါ )

ဒီကျမ်းပိုဒ်အားဖြင့် ဘုရားသခင်ဟာ အရာခပ်သိမ်းကို အသစ်ပြန်လည်ပြုပြင်ပြီး ထိုအရာကလည်း ယုံကြည်စိတ်ချမှုရှိစရာဖြစ်တယ်ဆိုတာ မြင်နိုင်ပါတယ် ။

လူ​မည်​သည်​ကား၊ ခ​ရစ်​တော်၌​ရှိ​လျှင် အ​သစ်​ပြု​ပြင်​သော​သ​တ္တ​ဝါ ဖြစ်၏။ ဟောင်း​သော​အ​ရာ​တို့​သည် ပြောင်း​လဲ၍ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် အ​သစ်​ဖြစ်​ကြ​ပြီ။‭‭၂ ကောရိန္သု‬ ‭၅‬:‭၁၇

ရေ၊ ဒီကျမ်းချက်ကို ကျွန်မနဲ့ အတူတူ ဒီနေ့မှာ ယခုလို ကြွေးကြော်ကြရအောင် !

ထို့ကြောင့် သည်​၊ ခ​ရစ်​တော၌​ရှိ​လျှင် အ​သစ်​ပြု​ပြင်​သော​သ​တ္တ​ဝါ ဖြစ်၏။ ဟောင်း​သော​အ​ရာ​တို့​သည် ပြောင်း​လဲ၍ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် အ​သစ်​ဖြစ်​ကြ​ပြီ။-”

Wow ! ဘုရား သင့်ကို ချစ်တဲ့ မေတ္တာက အံ့ဩစရာမကောင်းဘူးလား ?

သင့်အထဲမှာ ရှိသမျှ အရာခပ်သိမ်းက အသစ်ဖြစ်သွားပြီ ရေ …

ယေရှုနဲ့ မတွေ့ခင်က ရှိခဲ့တဲ့ သင့်ရဲ့ အတိတ်တွေက အခုတော့ အရေးမကြီးတော့ပါဘူး

ယေရှုနဲ့သာဆိုရင် အရာအားလုံးက ကောင်းမွန်တယ် ၊ အသစ်ဖြစ်တယ် ၊ ကြံ့ခိုင်တယ် ၊ ခိုင်ခံ့နေပါတယ် ။

သင်ကိုးကွယ်တဲ့ဘုရားက ဘယ်တော့မှ ကျရှုံးတဲ့ဘုရားမဟုတ်သလို သင့်ကိုလည်း ဘယ်တော့မှ လက်မလျှော့ပါဘူး ။

သင်က စုံလင်ပြည့်စုံတဲ့ ခရစ်တော်၌ အသစ်ပြုပြင်ခြင်းကို ခံရသောသူ ဖြစ်ပါတယ် 🤍

Nant Chit
ရေးသားသူ

ဘုရားသခင်ရဲ့ မေတ္တာတော်ကို သင့်ကိုယ်တိုင် တိုက်ရိုက် စစ်မှန်စွာ ခံစားသိရှိနိုင်စေဖို့၊ ဤသတင်းစကားကိုဖော်ပြပေးလိုက်ပါတယ်။