အပြစ်ရှိနေတဲ့ ခံစားချက်ကို ငြင်းဆိုပါ

ကျွန်မငယ်ငယ်တုန်းက အဆူခံရမှာ ကြောက်ခဲ့ရတဲ့နေ့တွေကိုပြန်ပြီးမှတ်မိသေးတယ်
ဒါတွင် ရော အဲ့လို ကြုံတွေ့ခဲ့ဖူးလား ? တစုံတခုကို မှားလုပ်လိုက်ပြီး အဖေအမေ တွေက ပြန်သိသွားတဲ့အချိန် သူတို့ ဒေါသ ထွက်လာကြတယ် ။ အဲ့အချိန်မှာ အတွင်းစိတ်ထဲ မှာ ကြောက်ရွံ့တုန်လှုပ်မှု တွေနဲ့ ရင်ဆိုင်ခဲ့ရတယ် ။ အဲ့ဒီအပြင် အပြစ်ရှိတဲ့ စိတ်ကလည်း တပါတည်း တွဲပြီးပါလာတယ် ။
• တစ်ခုခုမှားလုပ်မိပြီး မိဘတွေသိသွားတဲ့အချိန်
• အပြစ်ဒဏ်ခံရမယ့်အကြောင်း တွေးရုံနဲ့ စိတ်တုန်လှုပ်ခဲ့ရတဲ့အချိန်
• "ဒါမလုပ်သင့်ဘူး .. ကြိုတွေးခဲ့သင့်တာ..." စသဖြင့် အပြစ်ရှိတဲ့ ခံစားချက်မျိုးတွေပေါ့ !
အရွယ်ရောက်လာတဲ့အခါမှာလည်း ဒီလို ကြောက်ရွံ့ရတဲ့ ခံစားချက်တွေ ၊ အမှားတစ်ခုလုပ်မိတိုင်း ရှက်ရွံ့ရတဲ့ ခံစားချက်တွေ ဆက်ပြီးပါလာတတ်ပါတယ်။
သင်္ ကရစ်ယာန်တစ်ယောက်အနေနဲ့ သင့်ကောင်းကင်ဖခင်အပေါ် ဒီလိုခံစားချက်တွေ ဖြစ်ခဲ့ဖူးလား?
ကျမ်းစာက ဘုရားသခင်သည် -
“အို ထာဝရဘုရား၊ ကိုယ်တော်သည် သနားစုံမက်တတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘော၊ သည်းခံတတ်သောသဘော၊ ကရုဏာနှင့် သစ္စာ ကြွယ်ဝသောသဘောနှင့် ပြည့်စုံသောဘုရား ဖြစ်တော်မူ၏။” ဆာလံ ၈၆:၁၅ လို့ အခိုင်အမာပြောထားတယ် ။
ရေ၊
ယေရှုခရစ်တော်က ကားတိုင်ပေါ်မှာ သင့်အပြစ်အားလုံးကို သယ်ဆောင်သွားပြီး
ဘုရားသခင်၏ အမျက်တော်ကို ကိုယ်စားခံယူပေးခဲ့ပါတယ်…
ဒါကို သတိရပါ …
“ကိုယ်အပြစ်တို့ကို ဖော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှာ ဘုရားသခင်သည် သစ္စာတရားနှင့်လည်းကောင်း၊ ဖြောင့်မတ်ခြင်းတရားနှင့်လည်းကောင်း ပြည့်စုံတော်မူ၏။” ၁ ရှင်ယောဟန် ၁:၉
ယေရှုခရစ်တော်က အပြစ်ကြောင့် ကျွန်မတို့ ရရှိခဲ့တဲ့ ဘုရားသခင်ရဲ့ အမျက်တော် အားလုံးကို သူ့အပေါ်မှာ ယူဆောင်ခဲ့ပြီး ဖြစ်တဲ့အတွက် ကျွန်မတို့ခံယူစရာမလိုတော့ပါဘူး …
ဒါကြောင့်...ကြောက်ရွံ့ခြင်းကို ရပ်တန့်ပါ ။ အပြစ်ရှိသလို ခံစားနေခြင်းကို ရပ်တန့်ပါ!
“သို့ဖြစ်၍ ယခုတွင် အသွေးတော်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ပြီးမှ၊ ထိုသခင်အားဖြင့် အပြစ်ငရဲမှ ကယ်ချွတ်တော်မူခြင်းသို့ ရောက်မည်ဟုသာ၍ မျှော်လင့်စရာရှိ၏။” ရောမ ၅:၉
လူသားတွေဟာ မှားယွင်းသော်လည်း ဘုရားသခင်သည် ခွင့်လွှတ်ခြင်းကျေးဇူးတော်နှင့် ပြည့်စုံပါတယ် …
ရေ …
ဘုရားက သင့်ကို သနားခြင်းကရုဏာ နဲ့ နေ့ရက်တိုင်းမှာ ကြိုဆိုနေပါတယ်နော် …
သင့်အတွက် ဘုရားသခင် ကျေးဇူးပြုနေပါတယ် 🤍
