သင့်အမှားတွေက သင့်ကို ရှေ့သို့တွန်းပို့ပေးနိုင်တယ်ဆိုရင် ?

သင်အမှားလုပ်မိတိုင်း သင့်ကိုယ်သင် ဘယ်လိုတုံ့ပြန်မိသလဲ ?
ဥပမာ -
-
လူတစုံတယောက်ကို Email မှားပို့မိတဲ့အခါ
-
ကလေးတွေကို ဒေါသထွက်မိတဲ့အခါ
-
အရေးကြီးတဲ့ Bill တွေ အချိန်မှီပေးဖို့ မေ့လျော့နေခဲ့တဲ့အခါ
-
တစုံတယောက်ကို သေချာ ဂုဏ်ပြုဖို့ မေ့လျော့နေခဲ့တဲ့အခါ သင်ဘယ်လိုခံစားရသလဲ ?
များသောအားဖြင့် ကျွန်မတို့က အမှားတွေကို အပြစ်ကြီးသလို ခံစားရတတ်ပါတယ် ။ ဒါပေမယ့်... သင်သိလား?
သင့်အမှားတွေက အဖိုးတန်တဲ့ သင်ခန်းစာတွေပါ ။ ပိုကောင်းဖို့အတွက် သင်ယူလုပ်ဆောင်ဖို့ ဖြစ်တယ်။
လူတစ်ဦး ပြောခဲ့သလိုပဲ “အမှားလုပ်မိတယ်ဆိုတာ ပိုပြီးမြန်မြန် သင်ယူနေတာပါ “ ။
ဒီနေ့ သင့်ရေ...
သင့်အမှားတွေကို ဒီလိုမြင်ကြည့်လိုက် !
✔ ပိုမိုမြန်ဆန်စွာ သင်ယူနိုင်မယ့် ခြေလှမ်းသစ်
✔ ပိုကောင်းအောင် လုပ်နိုင်မယ့် အခွင့်အလမ်း ဆိုပြီး!
သင့်ရဲ့ အမှားကြောင့် တစ်သက်လုံး အပြစ်ရှိတဲ့ စိတ်နဲ့ ဓားနဲ့ စီရင်ခြင်းကို ခံရသလို အမြဲတမ်းရှက်ကြောက်တဲ့စိတ်ကြီး ရှိမနေပါနဲ့ ။
ကျမ်းစာက ဒီလိုပြောထားတယ် …
“ဘုရားသခင် ကယ္လွှတ်တော်မူသောကြောင့် ယေရှုခရစ်၌တည်၍၊ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ်ပကတိအတိုင်း ကျင့်သောသူတို့သည် အပြစ်စီရင်ခြင်းနှင့် လွတ်ကြ၏။ ” ရောမ ၈:၁
သင့်ကို ဒီထက်ပိုပြီး အပြစ်တင်စရာ ၊ စွပ်စွဲစရာ မရှိတော့ပါဘူး သင့်ရေ ။
သင့်အမှားတွေက သင့်ကို အရှက်ရစေဖို့ ၊ ဝေဖန် အပြစ်တင်ဖို့ မဟုတ်တော့ပဲ ပိုပီး လျင်လျင်မြန်မြန်နဲ့ သင်ယူဖို့အတွက် ဖြစ်ပေါ်လာတာပါ …
ဒါကြောင့် သင်ခေါင်းကိုမော့လိုက်ပါ ။ ဘုရားသခင်ရဲ့ ကျေးဇူးတော်နဲ့ ခွင့်လွှတ်ခြင်း ကို လက်ခံပါ။ အပြစ်တင် စွပ်စွဲခြင်းတွေကို ဒီထက်ပိုပြီး လက်မခံနဲ့ပါတော့ !
သင်ဟာ အပြစ်တင်ခြင်းကို မခံရတော့ပါဘူး 🤍
