အပြစ်ရှိသလိုခံစားနေရသလား? မလိုအပ်ပါဘူး …

ဒီစကားလုံးတွေက သင်နဲ့ရင်းနီးကောင်း ရင်းနီးနေလိမ့်မယ် ..
-
“ငါဒီနေ့ဘုရားနဲ့ လုံလောက်တဲ့အချိန် မယူရသေးဘူး..”
-
“ငါ ပိုပြီး ကျမ်းစာဖတ်သင့်တာ ..”
-
“ငါ ဘုရားအတွက် ဒီထက်ပို လုပ်ချင်တယ် ..”
ဘုရားသခင်က သင့်ဆီက ရယူချင်နေတဲ့ ဘုရားမဟုတ်ပါဘူး။
ပိုပြီး ကောင်းကောင်း ကျင့်ဖို့ ၊ ကောင်းကောင်း ဆုတောင်းဖို့နဲ့ ဒါကို / ဒီအရာကို ပိုပြီး လုပ်ဆိုပြီး အမိန့်ပေးတတ်တဲ့ ဘုရားမဟုတ်ပါဘူး ။ မှန်တာပေါ့ ဒီအရာတွေလုပ်နိုင်ရင်တော့ သင်ဘုရားကို ပိုသိပြီး သူနဲ့ ပိုရင်းနီး လာမှာပဲ ။
ဒါပေမယ့် တစုံတခုကို ဘုရားကသင့်ကို လုပ်ခိုင်းတယ်ဆိုတာထက် သင့်ကိုပဲ ဘုရားက လိုချင်တယ် ။ စာရေးဆရာ C.S.Lewis က တော့ “ဘုရားသခင်က သင့်ဆီက တစုံတခု လုပ်ဖို့ ဆိုတာထက် သင့်ကိုပဲ လိုချင်တာပါ “ လို့ရေးထားတယ် ။
တစုံတခုကို လုပ်ရမယ်ဆိုတဲ့ အတွေးက အပြစ်ရှိစေတဲ့ ခံစားချက်ကို အကျည်းတန်စွာ ဖြစ်ပေါ်စေတယ် ။ ဘုရားကတော့ သင့်ကို အဲ့လို ပြစ်တင်ဝေဖန်ခြင်းမျိုး မပြုပါဘူး ။ သူကသင့်ကို လွတ်လပ်ပေါ့ပါးစေလိုတယ် ။ သင့်ရဲ့ မလုပ်နိုင်ခြင်းအပေါ် အားမလိုအားမရ ဖြစ်ပြီး အပြစ်ရှိသလို ခံစားစေလိုတာ မဟုတ်ဘူး ! ဘာကြောင့်လဲ ? ဘုရားက အရာအားလုံးထက် သင့်ရဲ့ နှလုံးသားကို ရှာနေလို့ ဖြစ်တယ်။
ဘုရားက သင်နဲ့ တိုက်ရိုက် ချိတ်ဆက်ပြီး အပေါ်ယံမဟုတ်တဲ့ ရင်းနီးကျွမ်းဝင်မှုကို လိုချင်တာဖြစ်တယ် ။
“ငါ့သား၊ သင့်နှလုံးကို ငါ့အားပေးလော့။ သင့်မျက်စိတို့သည် ငါသွားသောလမ်းကို ကြည့်မှတ်ပါစေ။” သုတ္တံ ၂၃:၂၆
ဘုရားရဲ့အမြင်မှာတော့ သင်ဘာလုပ်သလဲဆိုတာထက် သင်ဘယ်သူဖြစ်တယ်ဆိုတာကို ပိုပြီး တန်ဖိုးထားပါတယ် ။
သင်ဟာ ဘုရားသခင်ကို နှလုံးသားအပြည့်နဲ့ ကိုးကွယ်သောသူ ဖြစ်တယ် 🤍
