• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
ထုတ်ဝေသည့်ရက်စွဲ ၂၄ စက် ၂၀၂၅

ယေရှုတွေးသလို တွေးတတ်မယ်ဆိုရင် ?

ထုတ်ဝေသည့်ရက်စွဲ ၂၄ စက် ၂၀၂၅

ဒီတစ်ပါတ်တာရဲ့ ကျမ်းပိုဒ်အနေနဲ့ ဖိလိပ္ပိ ၄:၆-၇ ကို လေ့လာပြီး တွန်းလှန်ချင်ပါတယ် ။ ဒီ Series နဲ့ ပက်သက်ပြီး ဘယ်လိုတွေးမြင်သလဲ ဆိုတာလေးပြောပြပေးပါဦးနော်

ကျမ်းစာကတော့“အ​ဘယ်​အ​မှု​ကို​မျှ စိုး​ရိမ်​ခြင်း​မ​ရှိ​ဘဲ အ​ရာ​ရာ၌ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ခြင်း​နှင့်​တ​ကွ ဆု​တောင်း​ပ​တ္ထ​နာ ပြု​သော​အား​ဖြင့်၊ သင်​တို့​တောင်း​ပန်​လို​သော အ​ရာ​များ​တို့​ကို ဘု​ရား​သ​ခင်​အား ကြား​လျှောက်​ကြ​လော့။- ထို​သို့​ပြု​လျှင် အ​ဘယ်​သူ​မျှ​ကြံ၍ မ​မီ​နိုင်​သော ဘု​ရား​သ​ခင်၏ ငြိမ်​သက်​ခြင်း​သည် ယေ​ရှု​ခ​ရစ်​အား​ဖြင့် သင်​တို့၏​စိတ်​နှ​လုံး​တို့​ကို စောင့်​မ​လိမ့်​မည်။” ‭‭ဖိလိပ္ပိ‬ ‭၄‬:‭၆‬-‭၇‬ ‭

လို့ ဖော်ပြထားပါတယ်။

ဒီနေ့မှာ ကျွန်မတို့ရဲ့ စိုးရိမ်မှုတွေကို အောင်မြင်စွာကျော်လွှားနိုင်ဖို့ ယခု Series အားဖြင့် အဖြေရရှိမှာဖြစ်ပါတယ် ။ စိုးရိမ်မှုတွေကို အားနည်းအောင် လုပ်ဆောင်နိုင်ပြီ ဆိုရင်တော့... ယခု သင့်နှလုံးသားကို စောင့်ရှောက်ဖို့ အရမ်းအရေးကြီးတယ်ဆိုတာကို သိဖို့လိုပါတယ်။

ကျမ်းစာကတော့ ဒီလိုလမ်းညွှန်ထားတယ် …

နှ​လုံး​သည် အ​သက်၏​အ​ခြေ​အ​မြစ်​ဖြစ်​သော​ကြောင့်၊ သင်၏​နှ​လုံး​ကို အ​ထူး​သ​ဖြင့် စောင့်​ရှောက်​လော့။သုတ္တံ‬ ‭၄:‭၂၃‬ ‭

သငျ့ရဲ့ နေထိုင်ပုံ၊ သင့်ရဲ့ အသက်ရှင်မှုဟာ သင့်နှလုံးသားကနေ စီးဆင်းနေတာပါ။ စိုးရိမ်မှုတွေနဲ့ နေရင် မနက်ဖြန်အတွက် မသေချာမှုတွေနဲ့ ရှင်သန်ရမယ်။ ဒါပေမယ့် သင့်နှလုံးသားက ဘုရားကို ယုံကြည်လာပြီဆိုရင်တော့ သင့်ဘဝရဲ့ အရာရာတိုင်းမှာ ဒီနှလုံးသားကြောင့် ရလာဒ်တွေကလည်း ထင်ရှားလာမှာပါ!

သင့်နှလုံးသားကို စိုးရိမ်ခြင်းရဲ့ လက်ကနေ ဘယ်လို ကာကွယ်မလဲ ?

ယေရှုခရစ်တော်ကို အာရုံစိုက်ပြီး တွေးကြည့်လိုက်ပါ !

ဒီအလေ့အထလေးတွေကို များများလေ့ကျင့်ပြီး ဘုရားနဲ့ အတူ လျှောက်လှမ်းဖို့ ပြင်ဆင်ကြရအောင် !

  • ဘုရားရဲ့ စကားတော်ဖြစ်တဲ့ ကျမ်းစာကို နေ့စဉ် ဖတ်ရှုခြင်း

  • ဆုတောင်းခြင်း

  • ကိုးကွယ်ခြင်း

  • ဝိညာဉ်ရေးရာ ညီအစ်ကိုမောင်နှမများနှင့် မိဿဟာယဖွဲ့ခြင်း

ဒီအလေ့အကျင့်ကောင်းတွေကို ပိုပြီး လုပ်လေလေ သင့်နှလုံးသားအတွက် အန္တရာယ်ကင်းလာပါလိမ့်မယ်။ သင့်ကိုကယ်တင်တဲ့သခင်ကိုသိခြင်းနဲ့ ပြည့်စုံပြီး ၊ သူ့ရဲ့ အမြင်အတိုင်း လောကကြီးကို ကြည့်မြင်နိုင်လာပါလိမ့်မယ်!

ယေရှုခရစ်တော်က သင့်အတွက် စံနမူနာ ယူစရာ ဖြစ်တယ် ။ သူစိုးရိမ်တယ် ဆိုတာ မြင်ဖူးလား ?

ဒါကို သတိရပေးပါ။

တွေးတောစဉ်းစားခြင်းက လူတစ်ယောက်ကို ကြီးမြတ်စေတာမှန်ပေမယ့် ယေရှုခရစ်တော်လို စဉ်းစားတတ်ခြင်းကတော့ သင့်ရဲ့ ဝိညာဉ်ကို အင်အားဖြစ်စေပြီး ကြီးမြတ်စေပါတယ် ။

ဒါ့ကြောင့် ဘာမှ စိုးရိမ်စရာမလိုဘူးနော် :)

သင်ဟာ ယေရှုတွေးသလို တွေးနိုင်သောသူ ဖြစ်တယ် 🤍

Nant Chit
ရေးသားသူ

ဘုရားသခင်ရဲ့ မေတ္တာတော်ကို သင့်ကိုယ်တိုင် တိုက်ရိုက် စစ်မှန်စွာ ခံစားသိရှိနိုင်စေဖို့၊ ဤသတင်းစကားကိုဖော်ပြပေးလိုက်ပါတယ်။