
Lumo သမ္မာကျမ်းစာရုပ်ရှင်များ
Lumo ဆိုတာ ဘာလဲ?
LUMO သမ္မာကျမ်းစာဆိုင်ရာ ရုပ်ရှင်များသည် ခရစ်ဝင်ကျမ်းများဖြစ်သည့် မဿဲ၊ မာကု၊ လုကာနှင့် ယောဟန် ကျမ်းများကို သမ္မာကျမ်းစာပါ စာသားအတိုင်း ဇာတ်ညွှန်းအဖြစ် အသုံးပြုကာ ရိုက်ကူးထားပြီး ဤနည်းအားဖြင့် ယေရှုခရစ်၏ ဘ၀ခရီးကို ထင်ရှားပေါ်လွင်စွာ ပုံဖော်ထားသည့် သမ္မာကျမ်းစာဆိုင်ရာ ရုပ်ရှင်ကောင်းများဖြစ်ပါသည်။


ရှင်မဿဲခရစ်ဝင်ကျမ်း
ခရစ်ဝင်ကျမ်း လေးကျမ်းတွင် ရှင်မဿဲခရစ်ဝင်ကျမ်သည် အသေးစိတ်အကျဆုံးသောကျမ်းဖြစ်ပြီး ယေရှုခရစ်တော်၏ သွန်သင်ချက်များ၊ ယေရှုခရစ်တော်၏ ဉာဏ်ပညာ၊ မိန့်မြွက်ချက်များ၊ နိမိတ်လက္ခဏာ၊ လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံတော်မူခြင်း၊ ရှင်ပြန်ထမြောက်တော်မူခြင်းနှင့် ကောင်းကင်ဘုံသို့ တက်ကြွတော်မူခြင်းတို့အကြောင်းကို မှတ်တမ်းတင်ထားပါသည်။

ရှင်မာကု ခရစ်ဝင်ကျမ်း
ရှင်မာကုခရစ်ဝင်ကျမ်းအကြောင်း ရိုက်ကူးထားသော ဤ LUMO ရုပ်ရှင်တွင် သမ္မာကျမ်းစာသည် သင်၏မျက်စိရှေ့တွင် အသက်ဝင်လာသကဲ့သို့ ယေရှုခရစ်တော်၏ အသက်တာကို ကိုယ်တော်၏ အရင်းနှီးဆုံး မိတ်ဆွေတစ်ဦးဖြစ်သူ မာကု၏ အမြင်ရှုထောင့်မှ ပုံဖော်ထားပါသည်။

ရှင်လုကာခရစ်ဝင်ကျမ်း
လုကာခရစ်ဝင်ကျမ်းသည် ယေရှုခရစ်၏ ဘ၀အသက်တာအပြည့်အစုံ ကိုဖော်ပြထားသည့် ကျမ်းဖြစ်ပါသည်။ ၎င်းတွင် ခရစ်တော်၏ မွေးဖွားခြင်းနှင့် ငယ်စဉ်ဘဝ၊ ခရစ်တော်၏ အနာရောဂါငြိမ်းစေတော်မူခြင်းများ၊ ခရစ်တော်၏ ပုံဥပမာများနှင့် မိန့်တော်မှုချက်များ နှင့် အခြားများစွာသော အကြောင်းအရာတို့ကို ဖော်ပြထားပါသည်။

ရှင်ယောဟန်ခရစ်ဝင်ကျမ်း
ဤရုပ်ရှင်ကို ကြည့်ရှုပြီး ယေရှုခရစ်တော်၏ အချစ်ဆုံးမိတ်ဆွေတစ်ဦးဖြစ်သူ ယောဟန်၏ ရှုထောင့်မှ ယေရှု၏ အသက်တာနှင့် သွန်သင်ချက်များကို တွေ့ကြုံခံယူနိုင်ပါသည်။