အဖြေမရသော ဆုတောင်း
ကောင်းကင်ဘုံက တိတ်ဆိတ်နေတာ အရမ်းကြာပြီလို့ ခံစားရပြီး ဆုတောင်းတာကို ရပ်လိုက်ဖူးပါသလား။ ဘုရားသခင်ထံ သင့်ရဲ့တောင်းဆိုချက်ကို တဖွဖွ ထပ်တလဲလဲ တင်ပြနေရတာဟာ ပျက်နေတဲ့ဓာတ်ပြားဟောင်း တစ်ချပ်လိုဖြစ်နေပြီလို့ ခံစားရဖူးပါသလား။ ဒါမှမဟုတ် ကိုယ်တော်က သင့်အသံကို မကြားနိုင်တော့တာလား။ ဒါမှမဟုတ် သင်ဆုတောင်းတာ မှားနေလို့လားဆိုပြီး ခံစားရဖူးပါသလား။
ဘုရားသခင်ရဲ့ တိတ်ဆိတ်မှု။ ဒါဟာ လူကို ရူးသွပ်စေနိုင်ပြီး စိတ်ကို အလွန်အမင်း နာကျင်စေပါတယ်။ တကယ်လို့ သင် ဘုရားသခကိုအလွန်တရာ လိုအပ်နေချိန်မှာ ကောင်းကင်ဘုံက ဆက်ပြီး တိတ်ဆိတ်နေခဲ့မယ်ဆိုရင် ဘယ်လိုလုပ်မလဲ။
ဒီလို အဖြေမရတဲ့ ဆုတောင်းချက်တွေနဲ့ ပတ်သက်ပြီး သင်ဘယ်လိုရင်ဆိုင်မလဲ။
အမြန်ဆုံး ဖြေရှင်းနည်း တစ်ခုလား
တစ်စုံတစ်ယောက် ခံစားနေရတဲ့အခါ ဒါမှမဟုတ် ဝမ်းနည်းနေတဲ့အခါ သူတို့ကို အားပေးချင်တာ သဘာဝပါပဲ။ စိတ်ချမ်းသာစေမယ့် စကားမျိုး ပြောပြချင်ကြပါတယ်။ အားတက်စေချင်ကြပါတယ်။ ဘဝဆိုတာ ခက်ခဲပါတယ်။ တစ်ခါတလေ ဘဝမှာ အလွန်တရာ ခက်ခဲတဲ့ ဒုက္ခတွေနဲ့ ကြုံရတဲ့အခါ ဘယ်သူ့ရဲ့ အားပေးမှုကိုမှ မခံယူချင်လောက်အောင် စိတ်ဓာတ်ကျနေတတ်ပါတယ်။ အဓိပ္ပာယ်ရှိတဲ့ ကျမ်းစာပိုဒ်တွေကလည်း သင့်နားထဲကို ရောက်လာချင်မှ ရောက်လာမှာပါ။ လူတွေက သင့်အတွက် အကောင်းဆုံး ဖြစ်စေချင်ကြပါတယ်။
ဒါဆိုရင် လတွေ၊ နှစ်တွေ၊ ဆယ်စုနှစ်တွေနဲ့ချီပြီး ဆုတောင်းချက်တွေ အဖြေမရဘဲ ဖြစ်နေတဲ့အခါ ဘယ်လိုလုပ်ရမလဲ။ ကျွန်ုပ်တို့ဟာ သင့်ကို စိတ်သက်သာရာ ရစေဖို့အတွက် အပေါ်ယံဆန်တဲ့ နှစ်သိမ့်စကားတွေနဲ့ ကျမ်းစာပိုဒ်တွေကို လာပြောတာ မဟုတ်ပါဘူး။ ဒီခက်ခဲနက်နဲတဲ့ အကြောင်းအရာရဲ့ အနှစ်သာရဆီကို တိုက်ရိုက် တိုးဝင်ကြည့်ရအောင်။
ဟယ်လို၊ တစ်ယောက်ယောက် ရှိကြပါရဲ့လား
ဆုတောင်းခြင်းဆိုတာ ပြဿနာတွေကို အမြန်ဆုံး ဖြေရှင်းပေးတဲ့ နည်းလမ်းမဟုတ်ပါဘူး။ သင့်စိတ်ကို ခဏတာ ပျော်ရွှင်သွားစေဖို့ ဖန်တီးထားတဲ့အရာ လည်း မဟုတ်ပါဘူး။ ဆုတောင်းခြင်းဆိုတာ အသက်ရှင်တော်မူတဲ့ ဘုရားသခင်နဲ့ ဆက်သွယ်ခြင်း (သို့) မိဿဟာယ ဖွဲ့ခြင်းပဲ ဖြစ်ပါတယ်။ ကျမ်းစာထဲမှာ ယေရှုက ကျွန်ုပ်တို့ဟာ ဘုရားသခင်ရဲ့ သားသမီး၊ဘုရားသခင်ရဲ့ မိတ်ဆွေတွေလည်း ဖြစ်တယ်လို့ မိန့်ဆိုထားပါတယ်။
ဒါကြောင့် ဘုရားသခင်ထံ ချဉ်းကပ်တဲ့အခါ ကျွန်ုပ်တို့ရဲ့ ခံစားချက်တွေကို ဖွင့်ဟနိုင်ပါတယ်။ မျက်နှာဖုံးစွပ်စရာမလိုဘဲ မိမိရဲ့ ဟန်ဆောင်မှုမှန်သမျှကို ချွတ်ပစ်ပြီး ရိုးသားစွာ စကားပြောလို့ရတဲ့ အကောင်းဆုံး အခြေအနေမျိုးက ဒါမျိုးမဟုတ်လား။ အထူးသဖြင့် စိတ်ပျက်စရာတွေ၊ ဒေါသတွေ၊ မကျေနပ်ချက်တွေနဲ့ ဝမ်းနည်းပူဆွေးမှုတွေ အားလုံးနဲ့ ပတ်သက်လို့ပေါ့။ အခြေအနေတွေက တိုးတက်မလာသေးရင်တောင်မှ ကိုယ့်ရင်ထဲက ခံစားချက်တွေကို မျှဝေတာက အရေးကြီးသလို နှစ်သိမ့်မှုလည်း ဖြစ်စေပါတယ်။
ဒါပေမဲ့လည်း ဘုရားသခင်က ငါတို့ရဲ့အဲဒီလို ခံစားချက်တွေကို မကြားချင်ဘူးလို့ ကျွန်ုပ်တို့က အမြဲတမ်း ထင်နေတတ်ကြပါတယ်။ ငါတို့ရဲ့ ဒေါသနဲ့ နာကျင်မှုတွေကို ချုပ်တည်းထားဖို့ လိုတယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့က ရိုးသားမှုမရှိဘဲ စစ်မှန်တဲ့ ခံစားချက်တွေကို မပြသဘူးဆိုရင် ဘုရားသခင်က ကျွန်ုပ်တို့ကို ဘယ်လို နှစ်သိမ့်ပေးနိုင်မှာလဲ။
ဘုရားသခင်၏ တိတ်ဆိတ်မှု
ငါတစ်ယောက်တည်းပဲလား
ရိုးသားစွာ ရင်ဖွင့်ခြင်း
ဒါဝိဒ်၏ ငိုကြွေးဆုတောင်းသံ
ယောဘ၏ ရိုးသားမှု
ဘုရားသခင်၏ တိတ်ဆိတ်မှု
ဒါဟာ လူတစ်ယောက်ကို ရူးသွပ်စေနိုင်ပြီး၊ ယုံကြည်ခြင်းကိုလည်း ပြိုလဲစေနိုင်ပါတယ်။ မိမိကိုယ်တိုင်က တကယ်ပဲ သတိလွတ်နေပြီလားဆိုပြီး တွေးတောမိစေနိုင်ပါတယ်။ ကိုယ်တော်ရဲ့ လှံတံတော်နှင့် တောင်ဝှေးတော်ကနေ နှစ်သိမ့်မှုပေးဖို့ တောင်းခံနေချိန်မှာ ကောင်းကင်ဘုံရဲ့ တစ်ခုတည်းသော အဖြေက ဘုရားသခင်ရဲ့ တိတ်ဆိတ်မှု ဖြစ်နေတဲ့အခါမျိုးပေါ့။
ငါတစ်ယောက်တည်းပဲလား
"ငါ ဆုတောင်းပြီးရင်း ဆုတောင်းနေပေမယ့် ဘယ်လိုအဖြေမှ မရဘူး။ ငါ တစ်ယောက်တည်းပဲလား။" ဘုရားသခင်နဲ့ ဆက်သွယ်မှု မရှိဘူးလို့ ခံစားရတဲ့အခါ အလွန်တရာ အထီးကျန်ဆန်ပြီး သလို ခံစားရတတ်ပါတယ်။ ဘုရားသခင်ကပါ ကိုယ့်ကို မေ့ထားသလို ခံစားရပြီး တခါတရံ လူတွေကပါ ကိုယ့်ကို နားမလည်ပေးသလို ဖြစ်တတ်ပါတယ်။ ဘုရားသခင်နဲ့ တွေ့ကြုံရတဲ့ အကြောင်းအရာတွေ၊ ဆုတောင်းပြည့်ခဲ့ရတဲ့ အကြောင်းအရာတွေကို တခြားသူတွေ ပြောပြတာကို ကြားရတဲ့အခါ "မင်းတို့အတွက်တော့ ကောင်းတာပေါ့၊ ဒါပေမဲ့ ငါကတော့ ဘုရားသခင်ရဲ့ အသံကို ဘာမှ မကြားရပါလား" လို့ပဲ တွေးမိတတ်ပါတယ်။ ဒီလိုဇာတ်လမ်းတွေက သင့်ရဲ့ အထီးကျန်ဆန်မှုကိုပိုပြီး အားကောင်းစေပါတယ်။ ဒါပေမဲ့ ကောင်းကင်ဘုံက ပိတ်နေတယ်လို့ ခံစားရတဲ့ အခြားသူတွေရဲ့ ဇာတ်လမ်းတွေလည်း ရှိပါတယ်။ သူတို့လည်း ဘုရားသခင်ကို အော်ဟစ်ပြီး ဘုရာရဲ့အသံကို စောင့်ဆိုင်းနေခဲ့ကြပါတယ်။
ယေရှုတောင်မှ လက်ဝါးကပ်တိုင်ပေါ်မှာ "အဘ၊ အဘ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း" လို့ အော်ဟစ်ခဲ့ဖူးပါတယ်။ အံ့သြစရာကောင်းပေမယ့် ကျမ်းစာထဲမှာ ဒီလိုပုံစံ ဇာတ်လမ်းတွေ ပါရှိပါတယ်။ သူတို့ရဲ့ ဖြစ်ရပ်တွေကို ကြားတဲ့အခါ စိတ်ဓာတ်တောင် ကျသွားနိုင်ပါတယ်။ ကောင်းကင်ပြင်ကြီးကလည်း တိတ်ဆိတ်နေတတ်ပါတယ်။ ဒါဟာ ဘုရားသခင် စွန့်ပစ်လိုက်ပြီလို့ သူတို့ ခံစားရတဲ့ ပုံစံပါပဲ။
ရိုးသားစွာ ရင်ဖွင့်ခြင်း
'သေလွန်သောသူတို့ကို ပြုတတ်သကဲ့သို့၊ ငါ့ကို မိုက်သောအရပ်၌ ထားတော်မူ၏။ ငါမထွက်နိုင်အောင်ဝင်းခတ်၍၊ လေးသော သံကြိုးနှင့် ချည်နှောင်တော်မူ၏။ ထိုမျှမက ငါသည်ကြွေးကြော်အော်ဟစ်၍ ဆုတောင်းသော်လည်း ငြင်းပယ်တော်မူ၏။ ငါသွားရာလမ်းကိုကျောက်ထရံနှင့် ပိတ်၍၊ ကောက်သောလမ်းဖြင့် သွားစေတော်မူ၏။ '
မှန်ပါတယ်၊ ဒါဟာ ကျမ်းစာထဲက ယေရမိမြည်တမ်းစကားဆိုတဲ့ အခန်းကြီးထဲက စစ်မှန်တဲ့ စာသားတွေ ဖြစ်ပါတယ်။ အခန်းကြီးနာမည်က ကိုယ်တိုင်က ဖော်ပြသလိုပါပဲ… ညည်းတွားမြည်တမ်းမှုတွေ အများကြီး ပါရှိပါတယ်။ ဒီကျမ်းစောင်ကို ခဏလောက် ကျော်ဖတ်ချင်တဲ့သူတွေလည်း ရှိပါတယ်။ ဖတ်ရတာ စိတ်ချမ်းသာစရာ သိပ်မရှိပါဘူး။ ကျွန်ုပ်တို့က "သည်းခံပြီး ရှေ့ဆက်ရမယ်" လို့ပဲ တွေးနေကြလို့ ဖြစ်မှာပါ။ ဒါပေမဲ့ ဒီကျမ်းစာစောင်က ကျမ်းစာထဲမှာ အကြောင်းရင်းတစ်ခုနဲ့ ရှိနေတာပါ။ အဲဒါကတော့ ဘုရားသခင်ဟာ ကျွန်ုပ်တို့ကို ညည်တွားမြည်တမ်းခွင့် ပေးထားတယ်ဆိုတာပါပဲ။ ဘုရားသခင်ထံမှာ ညည်းတွားမြည်တမ်းလိုက်ပါ! အော်ဟစ်လိုက်ပါ!
ဒါဝိဒ်၏ ငိုကြွေးဆုတောင်းသံ
'ကြည့်ရှုနားထောင်တော်မူပါ။ ရန်သူ၏စကားသံကြောင့်လည်းကောင်း၊ မတရားသောညှဉ်းဆဲခြင်းကြောင့်လည်းကောင်း၊ အကျွန်ုပ်သည် ညှိုးငယ်သောစိတ်နှင့် ညည်းတွားမြည်တမ်းလျက် နေရပါ၏။ သူတို့သည် အကျွန်ုပ်အပေါ်၌ အပြစ်ကိုသက်ရောက်စေ၍၊ ဒေါသစိတ်နှင့် မုန်းကြပါ၏။ 'ဆာလံကျမ်း ၅၅:၂-၃
ဒါဝိဒ်ရဲ့ ဒီခံစားချက်ကို သင် နားလည်ပါသလား။ ဒီဆာလံကို ရေးသားသူဟာ အဲဒီအချိန်က ထွက်ပြေးတိမ်းရှောင်နေရတဲ့ အနေအထားမှာ ရှိနေပါတယ်။ သူ့ရဲ့ မိတ်ဆွေတွေဆီကနေ သစ္စာဖောက်ခံထားရပါတယ်။ သူ့ရဲ့ဘဝဟာ ရှုပ်ထွေးပွေလီနေပါတယ်။ ဘာကိုမှ နားမလည်နိုင်တော့ဘဲ ဘုရားသခင်ထံ အော်ဟစ်ခဲ့ပါတယ်။ တောင်းပန်ငိုကြွေးရင်းနဲ့ သူ့ရဲ့ဆုတောင်းချက်က ပြောင်းလဲသွားခဲ့ပါတယ်၊ ထိုဆာလံရဲ့ အဆုံးသတ်မှာ - "အကျွန်ုပ်သည် ကိုယ်တော်ကို ယုံကြည်ပါ၏" လို့ ဆိုထားပါတယ်။ ဒါကသူ အဲဒီလို ယုံကြည်နိုင်တယ်လို့ ခံစားနေရလို့ မဟုတ်ဘဲ ဘုရားသခင်ကို ယုံကြည်ဖို့ သူကိုယ်တိုင် ဆုံးဖြတ်လိုက်လို့ ဖြစ်ပါတယ်။ သင့်ဘဝမှာ ဘုရားသခင်ကို မခံစားရဘူးဆိုရင်တောင်မှ တစ်ခါတလေမှာ ကိုယ်တော်ကို ယုံကြည်ဖို့ သင့်ဘက်က သိသိသာသာ ဆုံးဖြတ်ချက်ချဖို့ လိုအပ်ပါတယ်။ ကိုယ်တော့်ကို မခံစားရရင်တောင်မှပေါ့။
ယောဘ၏ ရိုးသားမှု
"ဆုတောင်းနေလို့ ဘာအဓိပ္ပာယ်ရှိတော့မှာလဲ" လို့ ယောဘက ညည်းတွားခဲ့ပါတယ်။ သူ့ရဲ့ ဖြစ်ရပ်ကို ကျမ်းစာထဲမှာ အသေးစိတ် ရေးသားဖော်ပြထားပါတယ်။ သူဟာ ချမ်းသာကြွယ်ဝပြီး ဘုရားတရားကို အလွန်ကိုင်းရှိုင်းတဲ့ သူတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့မှာရှိသမျှ အရာရာတိုင်းကို ဆုံးရှုံးခဲ့ရပါတယ်။ အလုပ်အကိုင်၊ ပစ္စည်းဥစ္စာနဲ့ မိသားစုတွေအပြင် ရောဂါပါ ထပ်ဆင့် ခံစားခဲ့ရပါတယ်။ အဲဒီအခါမှာ ဘုရားသခင်က အရမ်းဝေးကွာသွားသလို ဖြစ်လာပါတယ်။ ကောင်းကင်ဘုံ ပိတ်သွားသလိုပါပဲ။ ဒီလိုဆိုးဝါးတဲ့အရာတွေ ဘာကြောင့် သူ့အပေါ် ကျရောက်လာရတယ်ဆိုတာကို သူ နားမလည်နိုင်တော့ပါဘူး။ သူ ဘာကြောင့် ဆက်ဆုတောင်းနေရဦးမှာလဲ။
ယောဘဟာ ဘုရားသခင်ရှေ့မှာရော၊ သူ့ရဲ့မိတ်ဆွေတွေရှေ့မှာပါ အလွန်တရာ ရိုးသားခဲ့ပါတယ်။ သူ ဟန်ဆောင်မနေတော့ပါဘူး။ အဲဒီအခါ ဘုရားသခင်ကော သူ့ကို အလုံးစုံ စွန့်ပစ်လိုက်ပါပြီလား။ "ဘုရားသခင်ကို ဘုန်းကြီးပါစေ" လို့ မဆုတောင်းနိုင်တော့တဲ့အခါမှာပေါ့။ လုံးဝ မဟုတ်ပါဘူး! ဒီလိုအချိန်မှာပဲ ဘုရားသခင်က စတင်စကားပြောလာခဲ့ပါတယ်။ အရာရာတိုင်းမှာ ဘုရားသခင် ဘယ်လို အတူပါရှိနေတယ်ဆိုတာနဲ့ ယောဘအနေနဲ့ ကိုယ်တော့်ကို ယုံကြည်စိတ်ချနိုင်တယ်ဆိုတာကို ပြသခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ယောဘရဲ့ အခြေအနေတွေ အားလုံး ကောင်းမွန်လာခဲ့ပြီး ဘုရားသခင်နဲ့ သူ့ရဲ့ ဆက်ဆံရေးဟာ ပိုမိုနက်ရှိုင်းလာခဲ့ပါတယ်။ သူတို့ရဲ့ ဆက်ဆံရေး ဖြတ်သန်းခဲ့ရတဲ့ ပြင်းထန်တဲ့ စမ်းသပ်မှုတွေကြောင့်ပါပဲ။
ယေရှု၏ အဖြေမရခဲ့သော ဆုတောင်းချက်
အပြစ်ကင်းစင်ပြီး ဘုရားသခင်ရဲ့ သားတော်ဖြစ်တဲ့ ယေရှုတောင်မှ ဘာကြောင့် အဖြေမရတဲ့ ဆုတောင်းချက်မျိုး ရှိခဲ့ရတာလဲ။ ယေရှု လက်ဝါးကပ်တိုင်မှာ အသေခံရမယ့် နေ့မတိုင်မီ တစ်ညမှာ တပည့်တော်တွေကို ခေါ်ပြီး ဥယျာဉ်တစ်ခုမှာ ဆုတောင်းဖို့ ကြွသွားခဲ့ပါတယ်။ သူဟာ အလွန်တရာ စိတ်ဆင်းရဲပူပန်နေခဲ့ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခံရမှာနဲ့ သေဆုံးရမှာကို ကြောက်တာမဟုတ်ဘဲ၊ လူသားတွေရဲ့ အပြစ်အားလုံးအတွက် ကိုယ်စားခံယူရမယ့် ဒဏ်ခတ်မှုနဲ့ အဘဖြစ်တော်မူသော ဘုရားသခင်နဲ့ ကွဲကွာသွားရမယ့် နာကျင်မှုကို သူ သိနေလို့ ဖြစ်ပါတယ်။ ဒါကြောင့် "အဘ၊ ဤခွက်သည် အကျွန်ုပ်ကိုလွန်သွားနိုင်လျှင် လွန်သွားပါစေသော။" လို့ ဆုတောင်းခဲ့ပါတယ်။ (မဿဲ ၂၆:၃၉)
နောက်ဆုံး ယေရှု လက်ဝါးကပ်တိုင်ပေါ်မှာ အသေခံအနေစဉ်မှာ "အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်၏ဘုရားသခင်၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း" လို့ အော်ဟစ်ခဲ့ပါတယ်။ (မဿဲ ၂၇:၄၆)
သင့်ရဲ့ ဆုတောင်းချက်ကို ဘုရားသခင် မဖြေကြားပေးဘူးလို့ ခံစားရရင်တောင်မှ အမှန်တရားကတော့ ယေရှုမှာ အဖြေမရခဲ့တဲ့ ဆုတောင်းချက် ရှိခဲ့ခြင်းအားဖြင့် ကျွန်ုပ်တို့ရဲ့ ဆုတောင်းသံတွေကို ဘုရားသခင် အမြဲတမ်း ကြားနာပေးမယ်ဆိုတာကို ဖော်ပြနေပြီး (ကျွန်ုပ်တို့ မျှော်လင့်ထားတဲ့ ပုံစံမျိုး မဟုတ်ရင်တောင်မှ) ကိုယ်တော် အမြဲတမ်း ဖြေကြားပေးမှာ ဖြစ်ပါတယ်။ ယေရှုဟာ ကောင်းကင်ဘုံရဲ့ စစ်မှန်တဲ့ တိတ်ဆိတ်မှုကို ကျွန်ုပ်တို့အတွက် ခံယူပေးခဲ့ပါပြီ။ ဘုရားသခင် စွန့်ပစ်ထားတယ်လို့ သင် ခံစားနေရရင်တောင်မှ တကယ်တမ်းမှာ သင်ဟာ တစ်ယောက်တည်း မဟုတ်ပါဘူး၊ ယေရှုနဲ့ရှိနေသမျှ ကာလပတ်လုံး သင် ဘယ်တော့မှ တစ်ယောက်တည်း ဖြစ်သွားမှာ မဟုတ်ပါဘူး။
ဘုရားသခင် ကြား၍ ဖြေကြားတော်မူသည်
ယေရှုဟာ ကျွန်ုပ်တို့ရဲ့ အရှင်သခင်နဲ့ ကယ်တင်ရှင် ဖြစ်တယ်ဆိုရင်၊ ကျွန်ုပ်တို့မှာ အသံထွက်ပြီး ပြောစရာ စကားလုံးတွေ မရှိတော့တဲ့ ဆုတောင်းချက်တွေကိုတောင် ဘုရားသခင် ကြားနာပေးတယ်ဆိုတာကို ကျွန်ုပ်တို့ စိတ်ချယုံကြည်နိုင်ပါတယ်။ ရောမဩဝါဒစာ ၈:၃၄ မှာ ယေရှုဟာ အဘဘုရားသခင်ရဲ့ လက်ယာတော်ဘက်မှာ ထိုင်လျက် ကျွန်ုပ်တို့အတွက် ကြားဝင်ဆုတောင်းပေးနေတယ်လို့ ဖော်ပြထားပါတယ်။ အဲဒါတင်မကသေးပါဘူး၊ ကျွန်ုပ်တို့အတွင်းမှာ သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်နေတယ်ဆိုရင် (ခရစ်ယာန်တိုင်းမှာ ရှိပါတယ်!) ဝိညာဉ်တော်ကလည်း ကျွန်ုပ်တို့အတွက် ကြားဝင်ဆုတောင်းပေးနေပါတယ်လို့ ရောမ ၈:၂၆ မှာ ဆိုထားပါတယ်။
စကော့တလန် လူမျိုး ဘာသာရေးပညာရှင်နဲ့ စာရေးဆရာ ပီ.တီ. ဖော်စစ် (P. T. Forsyth) က ဤသို့ ရေးသားခဲ့ဖူးပါတယ် - "တစ်နေ့ကျရင် ကျွန်ုပ်တို့ဟာ ကောင်းကင်ဘုံကို ရောက်သွားတဲ့အခါ ဘုရားသခင်ရဲ့ ငြင်းပယ်မှုကြီးတွေဟာ တစ်ခါတလေမှာ ကျွန်ုပ်တို့ရဲ့ ဆုတောင်းချက်တွေအတွက် အမှန်ကန်ဆုံး အဖြေတွေ ဖြစ်နေတယ်ဆိုတာကို ကျေးဇူးတင်စွာနဲ့ သိရှိလာကြရပါလိမ့်မယ်။"
ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့သိကြ၏။
တစ်ယောက်တည်း မသွားပါနဲ့
ကောင်းကင်ဘုံက တိတ်ဆိတ်နေတယ်လို့ တစ်ခါတလေ ခံစားရတာ သင့်တစ်ယောက်တည်း မဟုတ်ပါဘူး။ ကျွန်ုပ်တို့ မြင်ခဲ့ရတဲ့အတိုင်း ယေရှုကိုယ်တိုင်လည်း ဒါကို ခံစားခဲ့ရဖူးပါတယ်။ ဒီလိုခံစားချက်နဲ့ သင် တစ်ယောက်တည်း ရုန်းကန်နေစရာ မလိုပါဘူး။ သင့်ပတ်ဝန်းကျင်မှာ ဘုရားသခင်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့သူတွေကို သိရင် အကူအညီတောင်းပါ။ ဘုရားသခင်နဲ့ ဆက်သွယ်ချင်တဲ့ သင့်ရဲ့ဆန္ဒကို မျှဝေပါ။ သူတို့ကို သင့်အတွက် ဆုတောင်းပေးဖို့ တောင်းဆိုပါ၊ ဒါမှမဟုတ် သင် ယုံကြည်ရတဲ့သူတွေဆိုရင် အတူတူ ဆုတောင်းဖို့ ပြောပါ။ သူတို့ရဲ့ သက်သေခံချက်တွေကလည်း သင့်ကို မျှော်လင့်ချက် ရှိစေပါလိမ့်မယ်။ ဘယ်လိုဆုတောင်းချက်မျိုးကိုမှ ကျွန်ုပ်တို့ မတောင်းရသေးရင်တောင်မှ ဘုရားသခင်က ကျွန်ုပ်တို့ရဲ့အသံကို နားညောင်းနေဆဲ ဖြစ်ပါတယ်။ ယေရှုက သင့်ရဲ့ ခံစားချက်ကို နားလည်ပြီး သင့်ရဲ့ ဆုတောင်းချက်တွေကို အဖဘုရားဆီကို တင်ပြပေးနေပါတယ်။
အဲဒီအချက်ကို ယုံကြည်ပါ။ လက်မလျှော့လိုက်ပါနဲ့။ ကောင်းကင်ဘုံက တိတ်ဆိတ်နေသလို ထင်ရရင်တောင်မှပေါ့။
ဆုတောင်းခြင်းအကြောင်း သမ္မာကျမ်းစာက ဘာပြောသလဲ
ဆုတောင်းခြင်းရဲ့ တကယ့်တန်ခိုးနဲ့ အဓိပ္ပာယ်ကို နက်နက်ရှိုင်းရှိုင်း ခံစားသိရှိနိုင်ဖို့အတွက် ဒီဆောင်းပါးအပြည့်အစုံကို ယခုပဲ ဆက်လက်ဖတ်ရှုလိုက်ပါ။