• MY
    • AR Arabic
    • CS Czech
    • DE German
    • EN English
    • ES Spanish
    • FA Farsi
    • FR French
    • HI Hindi
    • HI English (India)
    • HU Hungarian
    • HY Armenian
    • ID Bahasa
    • IT Italian
    • JA Japanese
    • KO Korean
    • MG Malagasy
    • MM Burmese
    • NL Dutch
    • NL Flemish
    • NO Norwegian
    • PT Portuguese
    • RO Romanian
    • RU Russian
    • SV Swedish
    • TA Tamil
    • TH Thai
    • TL Tagalog
    • TL Taglish
    • TR Turkish
    • UK Ukrainian
    • UR Urdu
ယေရှု

သခင်ယေရှု၏ ဘဝသက်တော်စဉ်

သင်ဟာ သခင်ယေရှုအကြောင်း လေ့လာဖို့ ဒီနေရာကို ရောက်ရှိလာတဲ့အတွက်၊ အဓိကအကြောင်းအရာဆီကိုပဲ တန်းသွားလိုက်ကြရအောင်။ သခင်ယေရှုခရစ်ဟာ သမိုင်းတစ်လျှောက်ကနေ ဒီနေ့ခေတ်အထိ အထင်ရှားဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ ခရစ္စမတ်မှာ ကိုယ်တော်ရဲ့မွေးနေ့ကို ကျင်းပကြသလို၊ 'သောကြာကြီးနေ့' (Good Friday) နဲ့ 'အီစတာနေ့' (Easter) တွေမှာ ကိုယ်တော်ရဲ့အသေခံခြင်းနဲ့ ရှင်ပြန်ထမြောက်ခြင်းကို အောက်မေ့သတိရကြတယ်ဆိုတာ သင်သိပြီးသား ဖြစ်မှာပါ။ ဒါပေမဲ့ သခင်ယေရှုဟာ အမှန်တကယ် ဘယ်သူဖြစ်သလဲ။ သူ့ရဲ့ဘဝမှာ ဘာတွေဖြစ်ပျက်ခဲ့ပြီး၊ သူ့ရဲ့ဘဝရာဇဝင်ကရော ဘယ်လိုရှိခဲ့သလဲ။

ဒီဆောင်းပါးမှာ သခင်ယေရှုရဲ့ မွေးဖွားခြင်းကနေစပြီး၊ ကားတိုင်ပေါ်က နောက်ဆုံးထွက်သက်နဲ့ အဲဒီနောက်ပိုင်းကာလတွေအထိ တစ်ဆင့်ပြီးတစ်ဆင့် ခေါ်ဆောင်သွားမှာ ဖြစ်ပါတယ်။

သခင်ယေရှု၏ မွေးဖွားခြင်းနှင့် ကလေးဘဝ

ဘီစီ ၄ မှ အေဒီ ၃၀

သခင်ယေရှုခေတ်က ဒီနေ့ခေတ်လိုမျိုး မွေးကင်းစကလေးရဲ့ ကိုယ်အလေးချိန်၊ အရပ်နဲ့ မွေးနေ့အတိအကျတွေကို မှတ်တမ်းတင်ထားလေ့ မရှိပါဘူး။ ဒါပေမဲ့ သမ္မာကျမ်းစာထဲက ခရစ်ဝင်ကျမ်းတွေကို ရေးသားခဲ့တဲ့ လုကာနဲ့ မဿဲတို့က ကိုယ်တော်ရဲ့မွေးဖွားခြင်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို မှတ်တမ်းတင်ခဲ့ကြပါတယ်။ ဒီမှတ်တမ်းတွေကြောင့်၊ ဒီကမ္ဘာပေါ်ကို သခင်ယေရှု ကြွရောက်လာခဲ့တဲ့ ဘဝခရီးစဉ်ကို ကျွန်ုပ်တို့ ပြန်လည်ရေးဆွဲနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒါဟာ သာမန်ကလေးတစ်ယောက်ရဲ့ မွေးဖွားခြင်းဇာတ်လမ်းတစ်ခုတော့ မဟုတ်ပါဘူး။

ဘီစီ ၄

တိတ်ဆိတ်သော ကာလ

ဟေရုဒ်မင်းသေဆုံးပြီးနောက်၊ ယေရှုရဲ့မိသားစုဟာ နာဇရက်မြို့မှာ နေထိုင်ဖို့ ဣသရေလပြည်ကို ပြန်လာခဲ့ကြပါတယ်။ ဒီအချိန်ကာလအတွင်းမှာ ယေရှုရဲ့ဘဝအကြောင်းကို ကျွန်ုပ်တို့ များများစားစားမသိရှိရပါဘူး။ သမ္မာကျမ်းစာမှာ "ယေ​ရှု​သည်​လည်း အ​စဉ်​အ​တိုင်း​ကြီး၍ ပ​ညာ​တိုး​ပွား​လျက်၊ ဘု​ရား​သ​ခင့်​ရှေ့၊ လူ​တို့​ရှေ့​မှာ မျက်​နှာ​ရ​တော်​မူ၏။" လို့ပဲ ဖော်ပြထားပါတယ်။

အေဒီ ၈

အေဒီ ၈-၂၅

သခင်ယေရှု လူထုရှေ့မှောက်တွင် ပေါ်ထွက်လာခြင်း

အေဒီ ၂၆ မှ ၂၉

အသက် ၃၀ ဝန်းကျင်မှာ၊ သခင်ယေရှုရဲ့ဘဝခရီးစဉ်ကို သမ္မာကျမ်းစာထဲမှာ ပြန်လည်အသေးစိတ် ဖော်ပြထားပါတယ်။ သခင်ယေရှုရဲ့ ဘဝခရီးစဉ်အပြောင်းအလဲကို ဆယ်စုနှစ်အနည်းငယ်ကြာပြီးမှ စတင်ရေးသားခဲ့တဲ့အတွက် ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်တွေဟာ အေဒီ ၂၆ နဲ့ ၂၉ ကြားမှာ ဖြစ်ပွားခဲ့ဖွယ်အရှိဆုံး ဖြစ်ပါတယ်။ အတိအကျနေ့စွဲတွေကို ကျွန်ုပ်တို့မသိပေမဲ့၊ အဲဒီကာလအပိုင်းအခြားမှာ သခင်ယေရှုဟာ ကျေးလက်ဒေသတွေနဲ့ မြို့ပြတွေကို ခရီးလှည့်လည်မှု စတင်ပြုလုပ်ခဲ့ကြောင်း ကျွန်ုပ်တို့ သိရှိခဲ့ရပါတယ်။

သခင်ယေရှုဟာ လူများစွာနဲ့တွေ့ဆုံခဲ့ပြီး၊ ပုံဥပမာတွေပြောပြကာ၊ အံ့ဖွယ်နိမိတ်လက္ခဏာတွေကို ပြုလုပ်ခဲ့ပါတယ်။ ဒီသခင်ယေရှုရဲ့ဘဝခရီးစဉ်အတွင်း ကိုယ်တော်ရဲ့ခရီးစဉ်ကနေ အထူးခြားဆုံးအဖြစ်အပျက်တွေကို သင့်ကို ပြသဖို့ ခေါ်ဆောင်သွားပါမယ်။

ယေရှုခရစ်တော် ပြန်လည်ပေါ်ထွက်လာခြင်းကို ကြာမြင့်စွာစောင့်မျှော်ခဲ့ရတဲ့ မေရှိယသခင် ကြွလာမယ့်အကြောင်း နှစ်ခြင်းဆရာယောဟန် ကြွေးကြော်ခြင်းအဖြစ်အပျက်နဲ့ စတင်ထားပါတယ်။ သူဟာ ဣသရေလလူမျိုးတွေကို နောင်တရဖို့နဲ့ နှစ်ခြင်းခံဖို့ ခေါ်ဖိတ်ခဲ့တယ်။ အဲဒီနောက်မှာတော့ သခင်ယေရှုကိုယ်တိုင် ယောဟန်ရှိရာ မြစ်ကမ်းနားကို ရောက်ရှိလာခဲ့ပါတယ်။

အေဒီ ၂၆

နောက်ဆုံးသောရက်သတ္တပတ်

အေဒီ ၂၉

သမ္မာကျမ်းစာမှာ ယေရှုရဲ့နောက်ဆုံးရက်သတ္တပတ်ကို အထူးအာရုံစိုက် ဖော်ပြထားပါတယ်။ သူ့ရဲ့ဘဝတစ်လျှောက်လုံးဟာ ဒီအချိန်ကို ဦးတည်နေပုံရပြီး၊ ဒီကာလအပိုင်းအခြားက အလွန်အရေးကြီးကြောင်းကို စာရေးသူတွေက အသေးစိတ်ဖော်ပြထားပါတယ်။

တနင်္ဂနွေနေ့

တနင်္လာနေ့

အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့

ကြာသပတေးနေ့

သောကြာနေ့

စနေနေ့

တနင်္ဂနွေနေ့

နောက်ဘာဆက်ဖြစ်မလဲ

ဤအဖြစ်ပျက်သည် ယေရှု၏လက်ဝါးကပ်တိုင်ပေါ်က အသေခံခြင်း၌ အဆုံးမသတ်သွားပါ။ ကိုယ်တော်၏ အံ့ဖွယ်ရှင်ပြန်ထမြောက်ခြင်းသည်ပင် နောက်ဆုံးအခန်းမဟုတ်သေးပါ။ ဤမယုံနိုင်  စရာအဖြစ်ပျက်များသည် ယနေ့တိုင်အောင် ဆက်လက်တည်ရှိနေပြီး၊ ၎င်းကိုနားလည်ရန် ကျွန်ုပ်တို့ ဆက်လက်ဖတ်ရှုရန်လိုအပ်သည်။

ရက်ပေါင်း ၄၀ ကြာပြီးနောက်

ယခုကော အသို့နည်း?

အေဒီ ၂၀၂၄

ယေရှု၏ဘဝကို မျက်လုံးရှေ့တွင် အသက်ဝင်လှုပ်ရှားလာသကဲ့သို့ မြင်တွေ့လိုပါသလား။

သင်သည် ကျမ်းစာလာ အဖြစ်အပျက်များကို ဖတ်ရှုပြီး ဖြစ်ပေမည်။ ယေရှုခရစ်တော်၏ ဘဝခရီးစဉ်များ၊ အတွေ့ကြံများကို “အရွေးချယ်ခံရသူ “ (The Chosen) ဇာတ်လမ်းတွဲအားဖြင့်ကြည့်ရှုခံစားလိုက်ပါ။