
သင်က နိမိတ်လက္ခဏာဖြစ်တယ်
"သင်က နိမိတ်လက္ခဏာဖြစ်တယ်" လို့ ပြောရခြင်းရဲ့ အကြောင်းရင်း
"နေ့စဉ်ကောင်းကြီးမင်္ဂလာ" (A Miracle Every Day) အစိစဉ်အတွက် စာရင်းသွင်းထားတာ ငါးရက်ရှိပါပြီ။ ဒီနေ့စဉ်ကောင်းကြီးမင်္ဂလာ အီးမေးလ်တွေက သင့်အသက်တာအတွက် ကြီးမားတဲ့ကောင်းချီးမင်္ဂလာတစ်ခု ဖြစ်နေမယ်လို့ ယုံကြည်ပါတယ်။
နေ့စဉ်ကောင်းကြီးမင်္ဂလာနဲ့ဆိုင်တဲ့ အီးမေးလ်တွေကို ပို့တဲ့အခါ အမြဲတမ်း “သင်က နမိတ်လက္ခဏဖြစ်တယ်” ဆိုတဲ့ ဒီစကားလေးနဲ့ အဆုံးသတ်တာကို သင်သတိထားမိမှာပါ။ ဘာကြောင့် ဒီလိုစာကားစုလေးကိုအဆုံးသတ်မှာ အမြဲပို့သလဲလို့ လူတော်တော်များများက မေးကြပါတယ်။ ဒါအရမ်းကောင်းတဲ့မေးခွန်းပါ။ တကယ်တော့သင်မေ့သွားမှာစိုးလို့ နေ့တိုင်း ပြောပေးနေတာပါ။ ကိုယ့်ကိုယ်ကိုယ် ဘာမှထူးခြားမှုမရှိဘူး အသုံးမကြဘူးလို့ ထင်မြင်နေတဲ့လူတွေကို အများကြီး တွေ့ဖူးပါတယ်။ ဒါပေမဲ့ သတိရပါမိတ်ဆွေ သင့်တို့ကို ပြောပြချင်တယ် သင်ဟာ ထူးခြားတဲ့သူတစ်ယောက်ဖြစ်တယ် ဘုရားအချစ်ကိုခံစားရသောသူဖြစ်တယ် သင်ကိုယ်တိုင်ကဘုရားရဲ့နိမိတ်လက္ခဏာဖြစ်ပါတယ်။
ဒီစကားစုလေးကို ဘာကြောင့်နှစ်သက်ရသလဲဆိုတဲ့ တခြားအကြောင်းရင်းတွေကတော့...
သင်ကဘုရားရဲ့အချစ်ကိုခံရတဲ့သူဖြစ်တယ်၊ သင်ကအရေးပါသောသူဖြစ်တယ်၊ သင်ကတန်ဖိုးရှိတဲ့သူဖြစ်တယ်၊ သင်ကထူးခြားတဲ့သူဖြစ်တယ်၊ သင်ကနမိတ်လက္ခဏာဖြစ်တယ် စသဖြင် တစ်ပါးသူကိုပြောလိုက်တဲ့အခါတိုင်းမှာ ထိုစကားစုများက လူတစ်ယောက်ကို တန်ဖိုးထားတတ်စေပြီး ခွန်းအားဖြစ်စေပါတယ်။
ဒီစကားစုလေးဟာ ဘုရားသခင်ကို ဘုန်းအသရေပေးခြင်းလည်းဖြစ်ပါတယ်။ ဘုရားရှင်က နမိတ်လက္ခဏာကိုပြုသောဘုရားဖြစ်တယ်။ ဘုရားသခင်က သင့်ကိုဖြစ်တည်စေလိုတဲ့အတွက် သင်ဟာ ဖြစ်တည်လာရတာဖြစ်တယ်။ သင်အသက်ရှင်နေရခြင်းကပင် ဘုရားသခင်ရဲ့နမိတ်လက္ခဏာဖြစ်ပါတယ်။ ဒါကြောင့် သင့်အသက်တာအတွက် ဘုရားစီမှာ ကြီးမားသော အကြံအစည်တော်ရှိပါတယ်။
နောက်ဆုံးအနေနဲ့ ဒါဟာ ကျွန်ုပ်တို့ရဲ့ဖန်ဆင်းရှင်အား အသိအမှတ်ပြုခြင်းကိုဖော်ပြခြင်းဖြစ်တယ်။ ဒါဟာ ဘုရားပြုတဲ့ နမိတ်လက္ခဏာ များအတွက်ကျေးဇူးပြုခြင်းလည်းဖြစ်တယ်။ နောက်ဆုံးအနေနဲ့ ဒါဟာ ကျွန်ုပ်တို့ရဲ့ဖန်ဆင်းရှင်ကို အသိအမှတ်ပြုခြင်းကိုဖော်ပြခြင်းဖြစ်တယ်။ ဒါဟာ ဘုရားပြုတဲ့ နမိတ်လက္ခဏာ များအတွက်ကျေးဇူးပြုခြင်းလည်းဖြစ်တယ်။ ဒါကြောင့်မိတ်ဆွေ သင်ကိုယ်တိုင်ဟာလည်း ဘုရားသခင်ရဲ့ နမိတ်လက္ခဏာဖြစ်တယ်ဆိုတာကိုသတိရပြီး ကျေးဇူးတော်ချီးမွမ်းလိုက်ပါ။